ငွေစက္ကူအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ထပ်မံတွေ့ရှိ
18 May 2017 2,504 Views

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရရှိသည့် KBZ Bank ၀န်ထမ်းနေအိမ်အားသွားရောက် ရှာဖွေရာ ငွေစက္ကူအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။မွန်ပြည်နယ် သထုံမြို့ တိမ်ပြာတည်းခိုခန်းအတွင်း ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနရရှိသည့် ဘားအံမြို့ KBZ Bank (၂)မှ အငယ်တန်းစာရေး ချစ်ကိုကိုလင်း (၂၂ နှစ်)ကိုဖမ်းဆီးရမိခြင်းဖြစ်သည်။ထို့နောက် ယခုလ ၁၃ရက်နေ့တွင် ဖမ်းဆီးရမိသူ ချစ်ကိုကိုလင်းနေထိုင်ရာ အမှတ် ၅ ရပ်ကွက် အောင်ချမ်းသာလမ်း ၁၃ ရှိအိမ်သို့ ၀င်ရောက်ရှာဖွေရာမှ ငွေစက္ကူအတုများနှင့် အတူ ငွေစက္ကူအတုပြုလုပ်သည့် ဆက်စပ်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။
Source: Eleven Media Group







