BEC-TERO TV

ကျည်ဆန်ရထားတံခါးတွင် လူတစ်ဦးလက်ညပ်ပြီး ပလက်ဖောင်းပေါ်မှ ရထားနောက်ပါသွား

18 May 2017     1,705 Views


တရုပ်နိုင်ငံ ဂျင်ဆူးပြည်နယ်ရှိ ချန်ကျိုးမြို့က ဘူတာရုံတစ်ခုတွင် ကျည်ဆန်ရထားတစ်စင်း၏ အတက်အဆင်းတံခါးတွင် လူတစ်ဦး အပြင်ဖက် ပလက်ဖောင်းပေါ်မှ လက်ချောင်းလေးများ ညပ်မိနေစဉ် ရထားက အမြန်နှုန်းနှင့် စတင်ထွက်ခွာခဲ့ရာ ထိုလူမှာ လက်ညပ်ရင်းတန်းလန်းနှင့် ရထားနောက် ပါသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
 
ရထားပေါ်တက်ခါနီး တံခါးဝကို လက်ဖြင့်ကိုင်ထားပြီး ရထားမှားတက်နေမည်စိုး၍ ခတ္တစဉ်းစားနေစဉ် ရထားတံခါးမှာ ပိတ်ပြီး လက်ချောင်းလေးများ ညပ်နေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အဖြစ်အပျက်ဗီဒီယိုဟာ တရုပ်လူမှုကွန်ယက်မီဒီယာပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကြည့်ရှုသူများ အထိတ်တလန့်ဖြစ်ခဲ့ကြရသည်။
 
ဗီဒီယိုတွင် လက်ညပ်နေသောသူသည် ရထားထွက်ခွာသည်နှင့် အော်ဟစ်ကာ ရထားနှင့်အပြိုင်ပလက်ဖောင်းပေါ်မှ လိုက်ပြေးသွားခဲ့သည်။ အခြားခရီးသည်များကလည်း ဝိုင်းဝန်းအော်ဟစ်ခဲ့ကြသလို မီးရထားဘူတာရုံဝန်ထမ်းမှလည်း ရထားကို ရပ်တန့်ရန် ထိပ်ထိပ်ပြာပြာဖြင့် အချက်ပေးပေမယ့် ရထားကတော့ အရှိန်နဲ့ မောင်းထွက်သွားခဲ့တာကို တွေ့မြင်ခဲ့ရသည်။


သို့သော် ကံကောင်းထောက်မစွာဖြင့် လက်ညပ်နေသောသူမှာ ဒဏ်ရာပြင်းထန်စွာမရခဲ့ပဲ ပြန်လည်လွတ်မြောက်ခဲ့သည်။ သူ၏အဆိုအရ ရထားစင်္ကြန်ပလက်ဖောင်း အဆုံးထိ မရောက်မီအချိန်လေးမှာ ရထား၏တံခါးတွင် ညပ်နေသော သူ၏လက်ကိုပြန်လည် ဆွဲထုတ်နိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။
 


18 May 2017     1,705 Views




RELATED

Most Popular of Special or Others

Most Popular of NEWS