ဒီနေရာမှာမီးပြတ်လို့မရဘူးဆိုတဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရုပ်သံ
18 May 2017 1,692 Views
ဒီနေရာမှာမီးပြတ်လို့မရဘူး – ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း (ရုပ်သံ)ကို DVB က တင်ထားရာမှာတော့ ပြန်လည်မျှဝေသူတွေနဲ့လူမှုကွန်ရက်မှာ ရေပန်းစားနေပါတယ်။အဆိုပါရုပ်သံတွင် “မီးပျက်လို့မရဘူး။ ဒီနေရာ မီးပြတ်လို့မရဘူး။ နောက် ဒါ ဝန်ကြီးချုပ်လမ်းကြောင်း။ ဒါကို အီးပီစီကို ကြိုပြီးပြောထားတယ်ပြောတယ်။ ဒီဘက်ကို မီးမဖြတ်ဖို့၊ သူတို့ဘက်ကို မီးစက်နဲ့သုံးပေးဖို့ ပြောထားတယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားသံကို ကြားရပါတယ်။ ၁၈.၅.၁၇ ရက်နေ့မနက်ပိုင်း တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာကျင်းပခဲ့တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ‘Holistic Empowerment of SMEs’ အစည်းအဝေး ကျင်းပနေစဉ် မီးပြတ်မှုဖြစ်ပွားခဲ့တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဟိုတယ်တာဝန်ရှိသူကို ရုပ်သံတွင်ဖော်ပြထားသည့်အတိုင်းပြောကြားခဲ့တာဖြစ်ပြီးခုလို မီးပြတ်သွားတဲ့အတွက် အစည်းအဝေးကို ခေတ္တရပ်နားခဲ့ရပြီးမှ ပြန်လည်ကျင်းပနိုင်ခဲ့ပါတယ်။
Source: http://burmese.dvb.no/archives/207185








