BEC-TERO TV

ဂိမ်းဆော့နေကြတဲ့ အင်တာနက်ဆိုင်ထဲ မြွှေဝင်လာတဲ့အခါ ...

18 May 2017     1,831 Views


ထိုင်းနိုင်ငံက အင်တာနက်ကဖေးဆိုင်ထဲက ဂိမ်းဆော့နေတဲ့ လူငယ်တွေ ကံကောင်းတာလား ကံဆိုးတာလား ပြောရခက်ပါတယ်။

အင်တာနက်ဆိုင်ထဲမှာ ဂိမ်းကစားရင်းအပြင်ကိုထွက်ဖို့ တံခါးကို ခဏလေးဟလိုက်တဲ့အချိန်မှာ မြွှေကြီးတစ်ကောင်က လှမ်းဝင်လာတာပါ။

ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ မြွေက လူငယ်လေးတစ်ယောက်ကို လှမ်းခဲဖို့လုပ်နေတာ။ သူကလဲ အလျင်မြန် ပတ်ပြေးရင်း သူ့သူငယ်ချင်းတွေကိုလဲ ဆောင့်ကန်နဲ့ ၀ုန်းဒိုင်းကြဲလိုက်တာ ကံကောင်းလို့ မြွေရန်က လွတ်သွားပါတယ်။

တစ်ဆိုင်လုံး ဗြောင်းဆန်သွားပြီးချိန်မှာတော့ ခဲထားတဲ့မြွေကလဲ ကြမ်းပြင်ပေါ်ကျပြီး ဆိုင်ရဲ့ထောင့်လေးထဲကို ၀င်သွားပါတယ်။ ဂိမ်းဆော့နေသူတွေကလဲ အန္တရာယ်ကင်းအောင် တခြားဖက်မှာ ရှောင်တိမ်းနေရပါတယ်။

ဆိုင်ရဲ့ CCTV တွေရဲ့ ရှုထောင့်တွေကနေ ရိုက်ပြထားလို့ ထောင့်စုံကနေ အခုလိုမြင်ရမှာပါ။ တကယ်အသည်းယားစရာ ကောင်းပါတယ်။


18 May 2017     1,831 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment