BEC-TERO TV

အလွယ်ဆုံးနဲ့ အမြန်ဆုံး ပိုးဟပ်သတ်နည်း

19 May 2017     10,432 Views


ပိုးဟပ်တွေကို မုန်းကြလား? လူတိုင်းမုန်းကြမယ်ထင်ပါတယ်။ ရောဂါပိုးမွှားတွေ သယ်ဆောင်ထားတဲ့ ဒီလိုမျိုး ပိုးကောင်တွေ အိမ်ထဲမှာ ၊ မီးဖိုချောင်ထဲမှာ လျှောက်သွားနေတာကို ဘယ်သူမှ မနှစ်မြို့ပါဘူး။ မိသားစုရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တယ်လေ။
 
ပိုးဟပ်ကို အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနှိမ်နင်းတာကတော့ ပိုးဟပ်သတ်ဆေးတစ်ဘူး ပြေးဝယ်ပြီး ဖြန်းလိုက်တာပါပဲ။ ဒါပေမယ့် ခက်တာက ဒီလိုဆေးတွေမှာ ဓာတုဗေဒပစ္စည်းတွေပါဝင်ပြီး အဲဒါတွေက ပတ်ဝန်းကျင်ကို ညစ်ညမ်းစေသလို အခန့်မသင့်ရင် ကိုယ့်ကိုလဲ ပြန်ပြီး ဒုက္ခဖြစ်စေနိုင်ပါတယ်။
 
ဒီအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး အိမ်သုံးနည်းလမး်တစ်ခုရှိပါတယ်။ ဒါကို TNP ဝက်ဘ်ဆိုက်ကနေ မိတ်ဆက်ပေးထားတာပါ။ ပိုးဟပ်သတ်ဆေးတွေလဲ ငွေကုန်ခံပြီး ဝယ်စရာမလိုတော့ပါဘူး။
 
ဒီအိမ်သုံးနည်းကိုလုပ်ဖို့ ပါဝင်ပစ္စည်းတွေကလဲ စျေးလဲမကြီးပါဘူး … အလွယ်တကူလဲ ဝယ်လို့ရပါတယ်။ ပိုးဟပ်သတ်ဖို့အတွက် အရင်ဆုံး ကြက်သွန်နီကို သေးသေးလေးတွေဖြစ်အောင် လှီးလိုက်ပါ။

ပြီးရင် မုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ ရောပါ။ ဒီအရောအနှောကို ကြမ်းပြင်ပေါ်နဲ့ အိမ့်ထောင့်နေရာတွေမှာ ထားလိုက်ပါ။

ဒီရိုးရှင်းတဲ့ အရောအနှောလေးက ဘယ်လောက်တောင် အစွမ်းပြပြီး သင့်ရဲ့ပိုးဟပ်ပြဿနာကို ဖြေရှင်းပေးသွားမလဲဆိုတာ ကြည့်လိုက်ပါ။ ပိုးဟပ်တွေကို လှည်းကျင်းပစ်ရတာနဲ့တင် မအားနိုင်အောင် ဖြစ်သွားပါလိမ့်မယ်။
 
အခုကတော့ မီးဖိုချောင်ထဲသွားပြီး သောင်းကျန်းနေတဲ့ ပိုးဟပ်တွေကို ရှင်းပစ်ဖို့ ဒီနည်းလမ်းကို စမ်းသပ်ရမယ့်အချိန်ပါပဲ။

 


19 May 2017     10,432 Views




RELATED

Most Popular of Health Fix

Most Popular of Life Style