BEC-TERO TV

မိုးရာသီမှာ မီနီအယ်လ်ဘမ်သစ် ထွက်မယ့် ၀ိုင်းစုခိုင်သိန်း

19 May 2017     1,994 Views


ပရိသတ်အချစ်တော် အဆိုတော် ၀ိုင်းစုခိုင်သိန်းက မီနီအယ်လ်ဘမ်လေး တစ်ခုထွက်ဖို့ ရှိနေပါတယ်။ အခွေနာမည်ကိုတော့ “မယ်သီတာ”လို့ ပေးထားပါတယ်။ ဒီအခွေရဲ့သီချင်းတိုင်းကို ကျေနပ်ပြီး သီချင်းတိုင်းကို နှလုံးသားနဲ့ ခံစားပြီး ကြိုးစားသီဆိုထားပါတယ်လို့ ၀ိုင်းစုက သူ့ရဲ့စာမျက်နှာမှာ ဖွင့်ဟထားပါတယ်။

ဝိုင်းစုကို အမြဲတမ်းအားပေးနေကြတဲ့ ပရိသတ်တွေကိုလဲ နှလုံးသားလေးတွေဖွင့်ပြီး နားဆင်ပေးပါလို့ ၀ိုင်းစုခိုင်သိန်းကတောင်းဆိုထားပါတယ်။ မိုးရာသီမှာ သီချင်းအသစ်လေးတွေ ပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အခွေကို ရအောင်ထုတ်မယ်လို့လည်း ၀ိုင်းစုကပြောပါတယ်။

ဝိုင်းစုရဲ့ ဒီမီနီအယ်လ်ဘမ်ဟာ အောင်လနဲ့ချစ်သူတွေဖြစ်ပြီးနောက် ပထမဆုံး ထွက်ရှိမယ့် အယ်လ်ဘမ်လဲ ဖြစ်ပါတယ်။ ၀ိုင်းစုရဲ့သီချင်းအသစ်တွေကို စောင့်နေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါပဲ။

Source and Photo : ၀ိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်


19 May 2017     1,994 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment