BEC-TERO TV

ချစ်ရသူရဲ့အရိုးပြာကို အာကာသတွင်း ဒုံးပျံနဲ့ ပို့ဆောင်နိုင်

19 May 2017     1,420 Views


လူသေတွေရဲ့ အရိုးပြာကို SpaceX ဒုံးပျံနဲ့ အာကာသတွင်း ပို့ဆောင်ပေးမယ့် အစီအစဉ်ကို ကုမ္ပဏီတစ်ခုက လုပ်ဆောင်နေပါတယ်။ ဒီအစီအစဉ်ကို အောက်မေ့ဖွယ်ရာ အာကာသခရီးစဉ်အဖြစ် ဖော်ပြခဲ့ပြီး နာဆာဝန်ထမ်းဟောင်းတွေနဲ့ ဈာပန ပညာရှင်တွေက ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ မြေအောက်မြှုပ်နှံမှုအစား အာကာသအတွင်း ပို့ဆောင်မှုအဖြစ် ပြောင်းလဲပစ်ဖို့ပါ။ ဒီအစီအစဉ်မှာ ပါဝင်ဖို့ စာရင်းပေးထားသူ တစ်ရာရှိနေပြီး ကိုယ်ချစ်တဲ့သူရဲ့ပြာတောင့်လေးကို အာကာသထဲမှာ နှစ်နှစ်ခန့် လှည့်ပတ်နေစေနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဆိုပါ အာကာသယာဉ်ဟာ လေထုထဲကို အရှိန်ပြင်းပြင်းနဲ့ ပြန်လည် ၀င်ရောက်လာမှာ ဖြစ်ပါတယ်။

ကိုယ်ချစ်တဲ့သူတွေရဲ့ အရိုးပြာကို သယ်ဆောင်ထားတဲ့ အာကာသယာဉ်ရဲ့လုပ်ဆောင်မှုကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေဟာလည်း အက်ပလီကေးရှင်းကတဆင့် ကြည့်ရှုနေနိုင်မှာ ဖြစ်ပါတယ်။

ဒီအာကာသယာဉ်လွှတ်တင်မယ့်အချိန်ကိုတော့ SpaceX Ceveit အဖွဲ့က ဆုံးဖြတ်မှာဖြစ်ပြီး အရိုးပြာတစ်တောင့်အတွက် အမေရိကန်ဒေါ်လာ ၂၄၉၀ နဲ့ စတင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 


 


19 May 2017     1,420 Views




RELATED

Most Popular of Special or Others

Most Popular of NEWS