BEC-TERO TV

ရုပ်ရှင်မင်းသားက ထုတ်လုပ်သူကို ဝန်ကြီးချုပ်ရှေ့မှာတင် ပါးပိတ်ရိုက်

19 May 2017     1,613 Views


မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကိုယ်တိုင် တက်ရောက်ဆွေးနွေးခဲ့တဲ့ ဖျော်ဖြေရေးကဏ္ဍနဲ့ သက်ဆိုင်တဲ့ National Transformation 2050 ဆွေးနွေးပွဲတွင် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက Metrowealth ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးကို ပါးရိုက်ခဲ့ပါတယ်။

ဆွေးနွေးပွဲတွင် Metrowealth ကုမ္ပဏီရဲ့ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ် CEO လည်းဖြစ်တဲ့ David Teo က အစည်းအဝေးရဲ့ သဘာပတိဖြစ်သူကို မေးခွန်းတွေမေးကာ ဝေဖန်ခဲ့ပြီး၊ အသံကျယ်လောင်စွာ ပြောဆိုခဲ့တဲ့အတွက် ‘Mat Over’ လို့ လူသိများတဲ့ သရုပ်ဆောင်ဖြစ်သူ Sulaiman က ထိုင်နေရာကနေ ဒေါသတကြီး ထထွက်လာပြီး ပါးရိုက်ခဲ့ခြင်းဖြစ်ပါတယ်။

လုံခြုံရေးများက နှစ်ဦးစလုံးကို ဆွဲထုတ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာတော့ နှစ်ဦးစလုံး ခမ်းမထဲကို ပြန်လည်ဝင်ရောက်လာပြီး တစ်ဦးနဲ့တစ်ဦး ဖက်ကာ အပြန်အလှန် နှုတ်ဆက်ကြပြီး ဝန်ကြီးချုပ်ကိုလည်း တောင်းပန်စကားဆိုခဲ့ကြပါတယ်။


မလေးသတင်းစာ The Star နဲ့ အင်တာဗျူးမှာတော့ Sulaiman က ဝန်ကြီးချုပ်ကိုတောင် မလေးစားပဲ အသံကျယ်လောင်ကျယ်လောင်နဲ့ ပြောဆိုတာကြောင့် ဒေါသဖြစ်ပြီး လုပ်လိုက်မိတာပါ။ ကျွန်တော်က သူ့ကိုရိုက်တဲ့အချိန်မှာ သူက ပြန်ကန်လိုက်တော့ ပါးရိုက်တာ သူ့ကိုမထိလိုက်သလို သူကန်တာလည်း ကျွန်တော့ကိုမထိပါဘူး၊ ဒီကိစ္စက ကျွန့်အတွက်တော့ ပြီးသွားပါပြီဟု ဆိုပါတယ်။
 


19 May 2017     1,613 Views




RELATED

Most Popular of Special or Others

Most Popular of NEWS