BEC-TERO TV

ဆရာဝန် နဲ့ချစ်သူ နာ့စ်မ ခွဲစိတ်ခန်းတွင်း ထိုးကြိတ်သတ်ပုတ်တဲ့ရုပ်သံ

19 May 2017     1,608 Views


တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်းခရိုင်၊ လန်ခါအိုစီရင်စု ကဆေးရုံတရုံရဲ့ ခွဲစိတ်ခန်းတခုမှာ ခွဲစိတ်မှုတခုအတူလုပ်ခဲ့ပြီးနောက် ဆရာဝန်တဦးနဲ့ ချစ်သူ နာ့စ်မ လေးတဦးတို့ကြား ထိုးကြိတ်သတ်ပုတ်ခဲ့ကြတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကိုတင်ပြလိုက်ပါတယ်။အဆိုပါ ဆရာဝန်က သူ့ရဲ့ ချစ်သူနာ့စ်မလေးဟာ ခွဲစိတ်မှုပြုလုပ်နေချိန် အတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေ ချိုးဖောက်ခဲ့တယ်ဆိုပြီး ကတောက်ကဆဖြစ်ခဲ့ချိန်မှာ ဖြေရှင်းချက်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ အတွက် ရန်ပွဲစတင်ခဲ့တာပါ။ ဆရာဝန်အမျိုးသားဟာ သူ့လက်ထဲမှ ခွဲခန်းသုံးပစ္စည်းတချို့ကို ကြမ်းပြင်ကို ပစ် ပေါက်ခဲ့ချိန်မှာ နာ့စ်မလေးက သူ့ကို စတင်ရိုက်နှက်ခဲ့တာပါ။

 

ဆရာဝန်ရဲ့ အဆက်မပြတ် ထိုးကြိတ်ခဲ့မှုကြောင့် နာ့စ်မလေးဟာ ကြမ်းပြင်ပေါ် ထိုးကျသွားခဲ့ပြီးနောက်မှာတော့ ခွဲစိတ်ခန်းတွင်းမှ တခြားလုပ်ဖော်ကိုင်ဖက်တွေက ရန်ပွဲကို ဖျန်ဖြေပေးဖို့ ကြိုးစားခဲ့ကြရတာပါ။ဒီရန်ပွဲဖြစ်ချိန်မှာ ခွဲစိတ်ထားတဲ့ လူနာကို ဘီးတပ်တွန်းလှည်းနဲ့ အခန်းပြင်ကို တွန်း ထုတ်ခဲ့ပြီးချိန်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ သတင်းထုတ်ပြန်ချက် ၂ခုမှာတော့ ညရန်ပွဲမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့ပဲ ဒါဟာ ချစ်သူ ၂ ဦးကြား ကိုယ်ရေးကိုယ်တာ ပြဿနာဖြစ်တယ်လို့ ဆေးရုံကဆိုပါတယ်


19 May 2017     1,608 Views




RELATED

Most Popular of Special or Others

Most Popular of NEWS