BEC-TERO TV

ခုတ်မောင်းနေတဲ့ ရထားတွဲကြားမှာ ကလေးငယ်နဲ့အတူ ခက်ခက်ခဲခဲ ခိုလိုက်လာတဲ့ အမျိုးသမီး

19 May 2017     1,871 Views


အိန္ဒိယနိုင်ငံက ရထားတစ်စင်းပေါ်မှာ ဖြစ်ပါတယ်။ မိခင်ဖြစ်သူဟာ သူ့ရဲ့လသားအရွယ် ကလေးငယ်ကိုချီပြီး ရထားတွဲကြားထဲကနေ ခိုလိုက်လာတာဖြစ်ပါတယ်။ သူလိုက်လာတာကို ရထားစောင့်တွေ သိ ၊ မသိတော့ မသိပါဘူး။ အမြင်မတော်သူတစ်ဦးကတော့ ဗီဒီယိုဖိုင်လေး ရိုက်ပြီး တင်လိုက်ပါတယ်။ ခုတ်မောင်းနေတဲ့ ရထားရဲ့ တွဲကြားထဲမှာ ခက်ခက်ခဲခဲနဲ့ ကလေးကိုပိုက်ပြီး တွယ်စီးနေရတဲ့ သူ့မှာ ဘယ်လောက်တောင် ကျပ်တည်းနေပါလိမ့်။ ဘာပဲဖြစ်ဖြစ် ဘယ်လောက်အခက်အခဲကြုံကြုံ ကလေးကို မြဲမြဲချီထားတဲ့ သူ့ရဲ့မိခင်စိတ်ကိုတော့ လေးစားမိပါတယ်။


 


19 May 2017     1,871 Views




RELATED

Most Popular of Special or Others

Most Popular of Life Style