၂၅ ရာခိုင်နှုန်း လျှော့ပေးမယ်ဆိုတဲ့ သင်ဇာနွယ်ဝင်း
22 May 2017 1,916 Views

သင်ဇာနွယ်ဝင်းက သူ့ရဲ့စားသောက်ဆိုင်မှာ ဈေးလျော့ပေးနေတယ်လို့ သူ့ပရိသတ်ကို သတင်းပေးထားပါတယ်။
သင်ဇာနွယ်ဝင်းရဲ့ The Loft House စားသောက်ဆိုင်မှာ DIY မနက်စာကို စတင်ရောင်းချတဲ့အနေနဲ့ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးထားပြီး ၂၃ ရက်ကနေ လကုန်အထိ ၂၅ ရာခိုင်နှုန်းလျှော့ပြီး ရောင်းပေးသွားမယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် ကြော်ငြာထားပါတယ်။
DIY Breakfast က ၅၀၀ ကျပ်ကနေစရှိပြီး ကိုယ်မှာတဲ့ အစားအစာတွေကို စိတ်ကြိုက်ပြင်ဆင်စားသုံးဖို့ အမယ်တွေကိုလဲ စုံလင်စွာချပေးထားတယ်လို့ သိရပါတယ်။ သင်ဇာနွယ်ဝင်းပရိသတ်တွေ ပရိုမိုးရှင်းရှိတုန်းလေး သွားရောက်မြည်းစမ်းနိုင်ပါပြီ …
Source and Photo : သင်ဇာနွယ်ဝင်းဖေ့စ်ဘွတ်