BEC-TERO TV

နောက်တနေ့ထိ အပျော်မပျောက်ခဲ့ တဲ့ ရွှေမှုန်ရတီ

22 May 2017     1,251 Views


သရုပ်ဆောင် ရွှေမှုန်ရတီ ဟာ မေလ ၁၆ ရက်နေ့ဟာ သူမရဲ့ အသက်၁၉ နှစ်ပြည့်မွေးနေ့လေးပါ ။ မွေးနေ့ မနက်ပိုင်းမှာ အလှူတခု ပြုလုပ်ခဲ့ ပြီး ၁၆ ရက်နေ့ မနက် ပြန်လာထဲက surprise တခုပြီးတခုရခဲ့ တယ်လို့ ပြောထားပါတယ်။

သူမရဲ့ ချစ်သူလုပ်ပေးတဲ့ surprise မှာမွေးနေ့ရှင်ထက် ပိုပျော်နေတဲ့ သူလဲ ရှိပါတယ်လို့ သူမရဲ့ အကောင့် မှာ “16 ရက်နေ့မနက်၎ နာရီ အိမ်ကိုပြန်ရောက်ကတည်းက ပျော်ရတာ နောက်နေ့ည၁ နာရီထိပါးစပ်မစိရဘူးsurpriseတွေ တစ်ခုပြီးတစ်ခု ညနေကြတောလည်း အဲ့အင်္ကျီအဖြူကားကားကြီးမဝတ်ချင်ပါဘူးဆိုအတင်းဝတ်ခိုင်းတယ် ကိုကတော့ငပိန်းမသိရှာဘူး မဝတ်ချင်တာဝတ်ရလို့စိတ်တွေကောက်တာကောက်တာ ဘူဖေးကိုဒါကြီးနဲ့စားရမယ်ရှက်တာဆိုပြီးပေါ့ ကကျီကကြောင်လုပ်နေတာ အိုက်တင်သိပ်ကောင်းကျတယ် ပွဲကို စီစဉ်ထားတာ အကြီးကြီးပဲ သူကိုလေ romances မဆန်ဘူးမှတ်တာအောင်မလေး လက်ဖျားခါတယ် ပြီးတော့ပွဲလည်းစရောမွေးနေ့ရှင်ထက်သူကပိုပျော်နေတယ် မွေးရှင်တောင်အံ့သြရတယ် သူ့အသံကြည့်ပဲ နောက်တစ်ခုက အစီစဉ်မှန်သမျှတစ်အိမ်လုံးသိတယ် သဲတစ်ယောက်ပဲမသိတာ ကဲကြည့်ပါဦး ဘယ်လောက်နှုတ်ဆိတ်ကြသလဲ” ဆိုပြီး ရေးသားထားတာကိုလဲ တွေ့ရပါတယ် ။


22 May 2017     1,251 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment