ဘောင်းဘီမပါဘူးလားလို့ အမေးခံလိုက်ရတဲ့ မေပန်းချီရဲ့ ဖက်ရှင်
22 May 2017 2,531 Views

ဘန်ကောက်ရောက်နေတဲ့ မေပန်းချီက ဈေးဝယ်ထွက်နေတဲ့ပုံလေးတွေကို ပရိသတ်တွေအတွက် သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ပါတင်ပေးလိုက်ပါတယ်။ ရာသီဥတုက ပူလွန်းတော့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ဈေးဝယ်ထွက်ခဲ့တဲ့ မေပန်းချီရဲ့ ပုံလေးတွေကို ပရိသတ်တွေက ကြည့်ပြီး “ဘောင်းဘီမပါဘူးလား” လို့ မေးခွန်းထုတ်ခဲ့ကြသူတွေရှိပါတယ်။
မေပန်းချီကတော့“တော်တော်ပူလို့ပါရှင် အဲ့မှာလဲဘောင်ဘီရှည် အင်္ကျီရှည် ဘယ်သူမှမဝတ်နိုင်ဘူးရောက်နေတဲ့ ဗမာတွေကအစ ပေါ့ပေါ့ပါးပါးတော့ ဝတ်ကျတာပါပဲ အပြစ်တွေပဲရွေးမပြောကျပါနဲ့” လို့ ပြန်ဖြေပေးထားပါတယ်။
မေပန်းချီက အခုခေတ် ကောင်မလေးတွေကြားခေတ်စားတဲ့ ဘောင်းဘီတိုနဲ့ အပေါ်က အကွက်လက်ရှည် ဖက်ရှင်လေးကို ၀တ်ထားတာပါ။ ဘောင်းဘီကို မမြင်ရတော့ ဘောင်းဘီမပါဘူးလို့ ပရိသတ်က ထင်သွားတာ ဖြစ်ပါလိမ့်မယ်။
Source and Photo : မေပန်းချီ ဖေ့စ်ဘွတ်
.jpg)
.jpg)
.jpg)





