BEC-TERO TV

ကိုယ်ဝန်လွယ်ထားတယ်လို့ပြောလိုက်တဲ့ သဉ္ဇာနွယ်ဝင်း

22 May 2017     1,336 Views


အိမ်ထောင်ကျသက်တမ်း ၃လကျော်ရှိသေးတဲ့အချိန်တွင် မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားတာကြောင့်နှစ်ဘက်မိဘ ပျော်ရွှင်နေကြောင်း၊ကလေးယူဖို့ အစီအစဉ်မရှိသေးသော်လည်း မမျှော်လင့် ဘဲ ကိုယ်ဝန်ရသွားခြင်းဖြစ်ကြောင်း သဉ္ဇာနွယ်ဝင်းက ပြောကြားခဲ့သည်။

‘‘သူနဲ့ သဉ္ဇာနဲ့က ချစ်သူဖြစ် ပြီး ချက်ချင်းလာတောင်းတာဆို တော့ မင်္ဂလာဆောင်တာအပါအ ၀င်မှ နှစ်လလောက်ပဲကြာတယ်။ အဲဒီလိုဆိုတော့ သဉ္ဇာတို့က တစ် ယောက်နဲ့ တစ်ယောက်အချိန်ပေး တာနည်းတယ်ပေါ့နော်။ အဲဒါ ကြောင့် တစ်ယောက်နဲ့ တစ် ယောက်အချိန်ပေးချင်တဲ့အတွက် ခြောက်လ၊ တစ်နှစ်လောက် နှစ် ယောက်တည်းနေပြီးမှ ကလေးယူဖို့ စိတ်ကူးထားတာ။ ဒါပေမဲ့ အိမ် ထောင်ကျတာ သုံးလကျော်ပဲရှိ သေးတဲ့အချိန်မှာ အခုက မထင် မှတ်ဘဲရသွားတော့ သဉ္ဇာတို့ နှစ် ယောက်လုံးလည်း ကလေးက ကိုယ့်ဆီအရမ်းလာချင်နေလို့ ရ သွားတာလို့ ယုံတယ်။ ပြီးတော့ သူ့ရဲ့အမေကလည်း သူက သား အကြီးဖြစ်တဲ့အတွက်ကြောင့် ကလေးလေးရလို့ ပျော်တယ်။ သဉ္ဇာဆိုရင်လည်း အိမ်မှာအငယ် ဆုံးသမီးရဲ့ ကလေးဆိုတော့ သဉ္ဇာမိဘတွေကလည်း အရမ်းပျော်နေ ကြတယ်’’ဟု ပြောသည်။ လက်ရှိကာလတွင် သဉ္ဇာနွယ်ဝင်း၏ကိုယ်ဝန်မှာ ၁၀ပတ်ကာလသာရှိသေးတာကြောင့် အာထရာဆောင်းမရိုက် ကြည့်ရသေးသော်လည်း သွေးကို စင်ကာပူပို့ကာ စစ်ဆေးခဲ့သဖြင့် ရင်သွေးသည် ယောက်ျားလေး ဖြစ်ကြောင်းသိရှိရသည်။မူလက သဉ္ဇာနွယ်ဝင်းမှာမိန်းကလေး လိုချင်သော်လည်း ၎င်း၏ ခင်ပွန်း လိုချင်သည့် ယောက်ျားလေးရ သဖြင့် ပျော်သည်ဟု ပြောကား သည်။

အနုပညာလှုပ်ရှားမှုများရပ်နားထားသောသဉ္ဇာနွယ်ဝင်းက ကိုယ်ဝန်ဆောင်နေခြင်းနဲ့ပတ်သက်ကာ “‘‘ဒါကတော့ ကိုယ်ဝန်ဆောင် တဲ့ သူတွေဖြစ်နေကျပေါ့။ အစား အသောက်စားလို့ မကောင်းဘူး။ ပျို့တယ်။ လအရမ်းနုနေသေးလို့ လည်း ပါမယ်ထင်တယ်။ ဆရာ ၀န်ပြောတာတော့ သုံးလ၊ လေးလလောက်နေရင် ကောင်းသွားမယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ကိုယ့် မှာ ကလေးလေးရှိနေတယ်ဆိုတဲ့ ခံစားချက်က တော်တော်လေး ပျော်ဖို့ ကောင်းတယ်။ ပြီးတော့ သဉ္ဇာပြောင်းလဲလာတယ်။ အရင် ကဆို သဉ္ဇာဒေါက်ဖိနပ်သဘော ကျတယ်။ ဒါပေမဲ့ အခုကိုယ်ဝန်စရှိတယ်ဆိုတာသိတာနဲ့ ဒေါက်ဖိနပ် လုံးဝမစီးဖြစ်တော့ဘူး။ ဖိနပ်ဆို လည်း လုံးဝအပြား၊ လှစရာမလို တော့ဘူးပေါ့။ မချော်လဲရင်ပြီး ရောပေါ့။ နောက်သဉ္ဇာက အချဉ် အစပ်တွေအရမ်းကြိုက်တယ်။ ဒါပေမဲ့ အခုဆို ကိုယ့်ကလေးအ တွက်ရှောင်ဖြစ်တယ်။ ကိုယ့် အမေရဲ့ မေတ္တာတရားတွေကို လည်း ပိုနားလည်ပြီး ပိုသိလာ တယ်။ အခုကိုယ့်အမေရဲ့ သား သမီးအပေါ်ထားတဲ့ စေတနာကို ပိုပြီး တန်ဖိုးထားတတ်လာတယ်။ ပြီးတော့ ကိုယ့်အမေကိုလည်း ပို ပြီး ချစ်လာတယ်’’ဟု ပြောသည်။

 

Source: 7daydaily


22 May 2017     1,336 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment