ဆုတောင်းပြည့် စေတီတည်ရာမှာ လုပ်အားပေးခဲ့တဲ့ အဆိုတော် ထူးအယ်လင်း
22 May 2017 1,503 Views

ရတနာမာန်အောင် ဆုတောင်းပြည့်စေတီ တည်ရာမှာ ပရဟိတအဖွဲ့သားတွေနဲ့အတူ အဆိုတော် ထူးအယ်လင်းကလည်း တက်တက်ကြွကြွနဲ့ လုပ်အားဒါနပြုနေတာကို တွေ့ရပါတယ်။ ပျော်ပျော်ပါးပါနဲ့ အားတက်သရော အလုပ်ကြမ်းတွေကို လုပ်နေတဲ့ အဆိုတော် ထူးအယ်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း "မိုးတွင်းအလုပ်ပါးတယ်လေ ... ရိုးသားရတာပေါ့ ... အဲဒါဘ၀တဲ့" ဆိုတဲ့ စာသားလေးလဲ တင်ထားပါတယ်။ စေတီတည်ရာမှာလုပ်အားပေးနေတဲ့ ထူးအယ်လင်းရဲ့ ပုံရိပ်တွေကိုလဲ ပရိသတ်တွေ သာဓုခေါ်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။






Source and Photo : ထူးအယ်လင်း ဖေ့စ်ဘွတ်





