BEC-TERO TV

ဗီဒီယိုလောကအကြောင်း ဖွင့်ဟလိုက်တဲ့ ပြေတီဦး

22 May 2017     1,507 Views


မြန်မာ ဗီဒီယိုလောက ပျောက်ပျက်သွားလို့ မဖြစ်ဘူးဆိုပြီး ပြောလိုက်သူကတော့ ပြေတီဦးပါ။ ဗီဒီယိုဆိုတာ ဘယ်နိုင်ငံမှာမှ မရှိဘဲ မြန်မာတစ်နိုင်ငံတည်းမှာသာ ရှိတာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ရှိသင့်တယ်လို့ ပြေတီဦးကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံတွေမရှိသေးတဲ့အတွက်ကြောင့် ဇာတ်ကားတစ်ကားကို ရုံတင်တာနဲ့ မကြည့်နိုင်သေးတဲ့ နယ်ပရိသတ်တွေအတွက်တော့ ဗီဒီယိုဟာ လိုအပ်ချက်တစ်ခုအနေနဲ့ ရှိနေဆဲဖြစ်တယ်လို့ ပြေတီဦးကပြောပါတယ်။

 “ကျွန်တော်ကတော့ နယ်မှာ ရှိကြတဲ့ သန်းပေါင်းများစွာသော ပရိသတ်တွေအတွက် ဗီဒီယိုဆိုတာ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်မှာက ရုပ်ရှင်ရုံတွေလဲ သိပ်မရှိဘူး။ ဗီဒီယိုဆိုတာကတော့ ဘယ်နိုင်ငံမှာမှ မရှိပါဘူး။ ကျွန်တော်တို့ တစ်နိုင်ငံတည်းမှာ ရှိတာပါ။ ဗီဒီယိုကိုတော့ အချိန်အတိုင်းအတာ တစ်ခုအထိ ရှိသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နယ်ကပရိသတ်တွေက ရုပ်ရှင်ရုံတွေ မရှိတော့ ဇာတ်ကားတစ်ကားကို ရုံတင်တာနဲ့ မကြည့်နိုင်ဘူး။ ရုပ်ရှင်ရုံတွေသာ နယ်တိုင်းမှာ ရှိမယ်ဆိုရင်တော့ ဗီဒီယိုမရှိလည်းရပါတယ်။ အခုဟာက လိုအပ်ချက်ကြောင့် ရှိနေတာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဗီဒီယိုလောကကို ဖြတ်သန်းလာခဲ့တဲ့သူဆိုတော့ ရှိစေချင်ပါတယ်။ အခုဟာက ဘာကြောင့်မအောင်မြင်တာလည်းဆိုရင် ဖြန့်ချိရေးပုံစံမှားနေတာပါ။ ဒါကြောင့် ရပ်သလောက်နီးပါး ဖြစ်သွားတာပါ။ ဒါကို ဦးစီးဦးဆောင်လုပ်တဲ့သူတွေအနေနဲ့ တစ်နိုင်ငံလုံး ရုပ်ရှင်ရုံတွေမပေါ်ပေါက်သေးချိန်အထိ ဗီဒီယိုလေးကို ပြန်လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဓိကကတော့ ထုတ်လုပ်သူတွေ ညီညွတ်ရပါမယ်။ အားလုံးပေါင်းပြီး အဖြေရှာလိုက်ရင်တော့ ကောင်းတဲ့ရလဒ်တစ်ခု ရရှိလာမယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ဒီမိုကရေစီတူဒေး သတင်းတစ်ပုဒ်မှာ ပြောထားပါတယ်။

ဒီနှစ်မှာ ပြေတီဦးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၆ ကား ရုံတင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Ref: democracy today


22 May 2017     1,507 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment