BEC-TERO TV

လယ်သမားတစ်ဦး စက်ရုပ်မြင်းလှည်း အောင်မြင်စွာတီထွင်နိုင်ခဲ့

22 May 2017     1,691 Views


တရုပ်နိုင်ငံက လယ်သမားတစ်ဦးဟာ ၁၂ နှစ်ကြာကြိုးစားခဲ့ရတဲ့ သူ့ရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လှည်းယာဉ်တွေကို နွားတွေ၊ မြင်တွေတပ်ပြီး ပြေးဆွဲနေတာကို မကြည့်ရက်တဲ့ လယ်သမားတစ်ဦးက တိရိစ္ဆာန်နေရာမှာ အစားထိုးနိုင်ဖို့ စက်ရုပ်မြင်းတစ်ကောင်ကို သူ့ရဲ့ အိမ်မှာပဲ လက်ဖြစ်တီထွင်ခဲ့တာဖြစ်ပါတယ်။

 


Huang မြို့က Dong Xianchen ဆိုတဲ့ လယ်သမားတစ်ဦးအတွက် ဒီလိုတီထွင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့စိတ်ကူးအကြံစည်ကို အကောင်အထည်ဖော်နိုင်ဖို့ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ကိုယ်ပိုင် စက်ရုပ်မြင်းလှည်းလေးပေါ်မှာ ကြော့ကြော့လေး စီးနေနိုင်ပြီဖြစ်ပါတယ်။

 

 

၁.၂ မီတာအမြင့်ရှိပြီး ၁.၇ မီတာအရှည်ရှိတဲ့ သူ့ရဲ့ သံမြင်းတစ်ကောင်လုံးကို သံတိုသံစတွေနဲ့ပဲ ပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အလေးချိန်ကတော့ ကီလီ ၁၀၀ လေးပါတယ်။ စက်ရုပ်မြင်းကို လှည်းထဲကနေပြီး အရှိန် အနှေးအမြန်နဲ့ သွားခြင်တဲ့ဆီကို ဦးတည်ဖို့ အားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်မှုကို ဒေသခံတွေအားလုံးကလည်း အထူးပဲ ချီးကျူးဂုဏ်ယူနေကြပါတယ်။
 

22 May 2017     1,691 Views




RELATED

Most Popular of Special or Others

Most Popular of NEWS