BEC-TERO TV

ဖေ့စ်ဘွတ်မှာနာမည်ကြီးသွားတဲ့ ကိုယ်လုံးတီးချွတ်ပုံရိုက်ခဲ့သူ အမျိုးသားရဲ့စကား

22 May 2017     3,175 Views


အမျိုးသမီး ကိုယ်လုံးချွတ်ပုံတွေကို မြင်ဖူးကြပေမယ့် ဒီတစ်ခါ တစ်ခေတ်ထသွားတာကတော့ အမျိုးသားကိုယ်လုံးချွတ်ပုံတွေပါ။ လူမှုကွန်ရက်စာမျက်နှာပေါ် ရောက်လာတဲ့ အမျိုးသားကိုယ်လုံးချွတ်ပုံ ရိုက်ကူးခဲ့တဲ့ ဘုန်းမြတ်ကျော်ထင်က ဒီပုံရိုက်ဖြစ်ခဲ့ပုံအကြောင်းကို 8 Days ဂျာနယ်ကို အခုလို ပြောပြထားပါတယ်။
 
“ကမ်းခြေကပုံတွေရိုက်ဖြစ်သွားတယ်ဆိုတာက ပြင်သစ်က ကျွန်တော့်သူငယ်ချင်းနဲ့ အပျော်အနေနဲ့ရိုက်ဖြစ်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ အပန်းဖြေခရီးတွေမကြာခဏထွက်ဖြစ်သလို ကမ်းခြေ ရေတံခွန် တောင်ကုန်းမျိုးတွေကို သွားရတာပိုနှစ်သက်တယ်။ဒီနေ့ပုံတွေကလည်း ဘာeditမှ မလုပ်ပဲတင်လိုက်တာပါ။အရင်ကကျောင်းဆရာလုပ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ အင်္ဂလိပ်စာစကားပြော သင်တန်းဖွင့်ထားပါတယ်။ ထားဝယ်မြို့နဲ့ နည်းနည်းလှမ်းတဲ့ ရွာတွေမှာလည်း သင်ဖြစ်သလို၊မြို့ပေါ်မှာ အိမ်တွေမှာခေါ်သင်တာမျိုးတွေလည်းရှိပါတယ်။
 
သင်တန်းဆရာဖြစ်ပေမယ့် ဝေဖန်မှုတွေကိုတော့မကြောက်မိပါဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့်အကောင့်ထဲမှာ ပြည်ပကသူငယ်ချင်းတွေ ပိုများနေလို့ပဲဖြစ်ပါတယ်။ facebookပေါ်မှာ တင်ခဲ့တဲ့ပုံတွေကလည်း ဝါသနာပါလို့ တင်ခဲ့တာပါ။ပေါ်ပြူလာဖြစ်ချင်လို့ တင်တာမဟုတ်ပါဘူး။အပြစ်တင် ဝင်ရောက်ဆဲဆိုတာတွေရှိပေမယ့် ဘာမှတော့မဖြစ်ပါဘူး။ အားလုံးကို နားလည်ပြီးသားပါ။ ကျွန်တော်က ဓါတ်ပုံရိုက်ရတာ ဝါသနာပါတာကြောင့် မိုးတွင်းကာလလည်းရောက်လာပြီဆိုတော့
ရေတံခွန်တွေမှာ ထပ်ရိုက်သွားဖို့ရှိပါတယ်။ လူတိုင်းလူတိုင်းက ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ်မို့လို့ သဘောချင်းကွဲလွဲပြီး ဝင်ရောက်ဆဲဆိုကြတာကို ကျွန်တော် နားလည်ပါတယ်။ ဘာမှ မပြောလိုပါဘူး” လို့ ပြောထားပါတယ်။

Source : 8 Days Journal


22 May 2017     3,175 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment