BEC-TERO TV

အန်တီစု ကိုစံထားတယ်ဆိုတဲ့ မေဘရဏီသော်

22 May 2017     1,446 Views


Miss Universe Myanmar 2015 ဆုရှင် မေဘဏီသော် ဟာ သူမကတော့မိသားစုကိုမစွန့်လွှတ်နိုင်လို့ နိုင်ငံအတွက်မိသားစုကိုစွန့်လွှတ်ရဲတဲ့ အန်တီစု(ဒေါ်အောင်ဆန်းစုကြည်) ကိုစံထားတယ်လို့ပြောထားပါတယ် ။ အသက် ၂၇နှစ်ရှိနေပြီဖြစ်တဲ့ မေဘရဏီသော်ဟာ မွေးချင်းနှစ်ယောက်မှာ အငယ်ဖြစ်ပြီး အကို တစ်ယောက်ရှိပါတယ်လို့ ပြောထားပါတယ်။

မော်ဒယ်လောကကို ၂၀၁၃ ထဲက ရောက်ရှိပေမယ့် ပြိုင်ပွဲတွေအများကြီး ၀င်ခဲ့ပြီး First Runner up တွေပဲ ရရှိခဲ့ ပြီး ၂၀၁၅ မှာ Title ဆုဖြစ်တဲ့ Miss Universe Myanmar 2015 ကို ရရှိခဲ့သူလဲ ဖြစ်ပါတယ်။ မိခင်ကို စံထား တယ် အမေရဲ့ စိတ် စိတ်ဓာတ်မာခြင်းနဲ့ အရှုံးမပေး ဇွဲရှိခြင်းတွေ ကို အမြဲတမ်းယူတယ် ။

စံထားရတဲ့ နောက်တစ်ယောက်ကတော့ အန်တီစု ကို လေးစားအားကျတယ် ။ နိုင်ငံရေးပိုင်းတော့ မပြောချင်ပါဘူး ။ အမျိုးသမီးတစ်ယောက်အနေနဲ့ကိုယ်ရဲ့မိသားစုကိုစွန့်လွှတ်ပြီးတော့ နိုင်ငံကိုပေးဆပ်တယ်။ ။ ကျွန်မဆိုရင် မိသားစုကိုအရမ်းချစ်တယ် ။ဒါကြောင့်မို့ ဘယ်တော့မှ မစွန့်လွှတ်နိုင်ဘူး။

အန်တီစုကတော့မိသားစုကို စွန့်လွှတ်ပြီး နိုင်ငံအတွက်ကိုပေးဆပ်ရဲတဲ့ စိတ်ဓာတ်ကို ချီးကျူးတယ် လို့ ပြောသွားခဲ့ ပါတယ် ။ အနုပညာလောက ကို စ၀င်တဲ့ အချိန် ပြိုင်ပွဲတွေစပြိုင်တော့ ဘယ်သူကမှမအားပေးတော့ အခက်အခဲ ဖြစ်ခဲ့ပါတယ်။ အရမ်းလဲ စိတ်ဓာတ်တွေကျခဲ့ ဘူးပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:Oasis


22 May 2017     1,446 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment