BEC-TERO TV

အပျိုနောက်ဆုံးညမှာ အပြတ်ကဲနေတဲ့ သတို့သမီး ဗီဒီယိုကြောင့် သတို့သားဘက်မှ မင်္လာဆောင် ဖျက်သိမ်း

22 May 2017     2,366 Views


မကြာခင် မင်္ဂလာဆောင်ပြီး အိမ်ထောင်ပြုရတော့မှာမို့ လွပ်လပ်တဲ့အပျိုညကို သူငယ်ချင်းတွေနဲ့အတူ အပြတ်အသတ်ကဲခဲ့တဲ့ သတို့သမီးလောင်းရဲ့ ဗီဒီယိုကို ကြည့်ရှုခဲ့ရပြီးတဲ့နောက်မှာ သတို့သားဖြစ်သူက မင်္ဂလာဆောင်ဖို့ ဖျက်သိမ်းခဲ့ပါတယ်။

 

မင်္ဂလာဆောင် အိမ်ထောင်ပြုတယ်ဆိုတာ ဘဝလက်တွဲဖော်အဖြစ် အတူသွားကြဖို့ ဆုံးဖြတ်ရည်ရွယ်ထားလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ဘဝလက်တွဲဖော်ဖြစ်လာမယ့် အမျိုးသမီးရဲ့ အကျင့်စရိုက်ကို သိလိုက်ရတဲ့အချိန်မှာတော့ အချစ်ဆိုတာကို ဦးစားပေလို့ မရတော့ကြောင်း သူသဘောပေါက်သွားခဲ့ရပါတယ်။
 

 

အိမ်ထောင်ကျပြီးရင် မကဲရတော့ဘူးဆိုတဲ့ စိတ်နဲ့ သတို့သမီးလောင်းဟာ သူမရဲ့ အပျိုညမှာ သူငယ်ချင်းတွေရှေ့မှာတင် ဖော်ချွတ်အမျိုးသားတွေနဲ့ ပျော်ပါးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယို အခိုးခံခဲ့ရပြီး ဖေ့စ်ဘွခ်မှာ တင်ခဲ့ရာက ထိုဗီဒီယိုကို ၁၇,၀၀၀ လောက် ဝေမျှခဲ့ပြီးတဲံနောက်မှာ မင်္ဂလာသတို့သားက မြင်တွေ့သွားခဲ့တာဖြစ်ပါတယ်။
 
မှတ်ချက်။  ။ ဗီဒီယိုကို အသက်ပြည့်ပြီးသူများသာကြည့်ရှုရန်


ဒီဗီဒီယိုကို ကြည့်ပြီးတဲ့ နောက်မှာတော့ မင်္ဂလာပွဲကို သတို့သားဘက်က ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။
 


22 May 2017     2,366 Views




RELATED

Most Popular of Special or Others

Most Popular of NEWS