BEC-TERO TV

လိင်ဆွဲဆောင်မှုကြောင့် အလုပ်ထွက်လိုက်ရတဲ့ ထိုင်းသူနာပြု

22 May 2017     1,621 Views


အွန်လိုင်းပေါ်မှာ လိင်ဆွဲဆောင်မှုရှိတဲ့ အလှအပတွေနဲ့ နာမည်ကြီးတဲ့ ထိုင်းသူနာပြုမလေးဟာ သူမရဲ့အလုပ်ကနေထွက်ခဲ့သလို နောက်ထပ်အလုပ်အသစ်ကိုစတင်တော့မယ်လို့ Daily News သတင်းမှာဖော်ပြထားပါတယ်။ ဒါပေမယ့်အနာဂတ်အလုပ်အကိုင်အတွက် ဘာကိုရည်ရွယ်ထားလဲဆိုတာကိုတော့ သတင်းမှာမဖော်ပြထားပါဘူး။
 
အလုပ်ထွက်ရတဲ့ အကြောင်းအရင်းကတော့ အသက် ၂၆ နှစ်အရွယ် ပယ်ရီခက်တ် ချက်တ်ဆရီဟာ ထိုင်းနိုင်ငံ သူနာပြုများအသင်းအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် စစ်သားတွေနဲ့ ပတ်သက်ဆက်နွယ်မှုအပေါ် စနောက်လှောင်ပြောင်ခဲ့တာကနေ အခုလို အလုပ်ထွက်ခဲ့ရတဲ့အထိဖြစ်ပျက်ခဲ့တာပါ။
 
“ စစ်တပ်ဟာ တင်းကျပ်လွန်းတဲ့အတွက် စစ်သားတွေဟာ သူနာပြုတွေနဲ့ ကလူကျီစယ် မနေသင့်ဘူး” လို့ အကြံပြုပြောဆိုပြီး သူမရဲ့လိင်ဆွဲဆောင်မှုရှိတဲ့ ပုံတွေကိုဝေမျှခဲ့တာပါ.အဆိုပါဝေမျှမှုအောက်မှာ နှစ်ဘက် အပြန်အလှန် စကားပြောဆိုမှုတွေအငြင်းပွားမှုတွေ ဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။အဆိုပါအပြုအမှုကြောင့်  ပယ်ရီခက်တ် ချက်တ်ဆရီကို  ဆေးရုံပိုင်ရှင်က  ခေါ်တွေ့ခဲ့ကာ မသင့်တော်တဲ့ သူမရဲ့ အပြုအမူအတွက် သတိပေးခဲ့ရတသလို နောက်ဆုံးမှာတော့ အလုပ်ကနေထွက်ခွာခဲ့ပါတယ်။ အလုပ်ကနေမထွက်ခင် ပယ်ရီခက်တ် က “အခုလိုအငြင်းပွာမှုတွေဖြစ်လာစေဖို့ငါမရည်ရွယ်ပါဘူး” လို့ဆိုခဲ့ပါတယ်။ပြသနာအရပ်ရပ်အတွက် တောင်းပန်းကြောင်းနဲ့နောက်ပိုင်းသူမအပြုအမှုတွေကိုထိန်းသိမ်းသွာမယ်လို့ကတိဆိုခဲ့ပါတယ်။

22 May 2017     1,621 Views




RELATED

Most Popular of Special or Others

Most Popular of NEWS