BEC-TERO TV

လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်ရေးစီမံချက် စတင်ဆောင်ရွက် မယ့်

22 May 2017     1,508 Views


မူးယစ်ဆေးဝါးသုတေသနအသင်း(SARA)အဖွဲ့နဲ့ အမေရိကန်နိုင်ငံတို့ပူးပေါင်းပြီး လူငယ်ထု အတွင်းမှာ မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးစီမံချက်ဆွေးနွေးပွဲကို မေလ(၁၉)ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုကာကွယ်ရေးစီမံချက်ကို ကချင်ပြည်နယ်၊ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ စစ်ကိုင်းတိုင်းဒေသတို့ မှာ ဒီစီမံချက်ကို စတင်အကောင်ထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပြီး ဒီဒေသတို့မှာ မူးယစ်ဆေးဝါးများစိုက်ပျိုးတဲ့ဒေသတွေဖြစ်တာကြောင့် အခုလိုစီမံချက်တွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဒီဒေသတွေမှာလည်း မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ် ရေးလျော့ချမှုလုပ်ငန်းတွေဆောင်ရွက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေရှိနေတဲ့အတွက် အခုလို စီမံချက် တွေကို လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။ လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ကာကွယ်ရေးစီမံချက်ကိုတော့ မေလ ဆန်းပိုင်းမှာ စတင်လုပ်ဆောင်နေတာဖြစ်ပြီး ကာကွယ်ရေး၊ကုသရေးနဲ့နောက်ဆက်တွဲအန်္တရာယ် လျှော့ချနိုင်ဖို့ နဲ့ပြန်လည်ထူထောင်ရေးစီမံချက်တွေကိုပါ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုသရေးအပိုင်းမှာတော့ လူငယ်ထုအတွက် ဘ၀တက်လမ်းရှိမယ့် နည်းပညာ၊သက်မွေးပညာရပ်တွေ ပါဝင်သွားမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လည်း စိတ်ပိုင်းဆိုင်ရာပြန်လည် ထူထောင်ရေးတွေပါဝင်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ဒီအစီအစဉ်ကိုတော့ မူးယစ်ဆေးဝါး သုတေသနအသင်း(ှSARA) အဖွဲ့နဲ့ အမေရိကန်နိုင်ငံတို့က ပူးပေါင်းပြီးလုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။


22 May 2017     1,508 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS