Breaking News ပုလဲကွန်ဒိုရှေ့က ဓါတ်တိုင် (၈)တိုင် ကားများပေါ် တစ်ပြိုင်ထဲလဲကျ
22 May 2017 1,578 Views

မေလ ၂၂ ရက်နေ့ နေ့လည်အချိန်က ကမ္ဘာအေးဘုရားလမ်းမ ပုလဲကွန်ဒိုရှေ့ရှိ လမ်းဘေး ဓါတ်တိုင် (၈)တိုင် ရုတ်တရက် တစ်ပြိုင်တည်း ပြိုလဲကြခဲ့ကြောင်း သတင်းရရှိသည်။






မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ သွယ်တန်းထားသော ဓါတ်ကြိုးများ နိမ့်ဆင်းနေစဉ် ဘတ်စ်ကားတစ်စင်းနှင့် ချိပ်ပါသွားမှုကြောင့် ပြိုလဲသွားခဲ့ရကြောင်း သိရှိရသည်။
ဓါတ်တိုင်ပြိုလဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့သော်လည်း မော်တော်ယာဉ်အချို့ မှန်များကွဲ၊ ကာဘော်ဒီများ ပိန်ချိုင့်သွားခဲ့ကြောင်း သတင်းရရှိသည်။
Photo Credit: Pye Soe







