BEC-TERO TV

ရေဆာတယ်ပြောမိလို့ ခံတွင်းသန့်ဆေးတွေ သောက်ခိုင်းတဲ့ မိဘ

22 May 2017     1,591 Views


ရေဆာတယ်လို့ ပြောတဲ့ ငါးနှစ်သားကလေးကို ခံတွင်းသန့်ဆေးရည်တွေ သောက်ခိုင်းခဲ့တဲ့ မိဘနှစ်ပါးစလုံးဟာ အခုဆိုရင် တရားရင်ဆိုင်နေရပါပြီ။
 
အသက် ၂၅ နှစ်အရွယ်Tyriese Howard နဲ့ အသက် ၂၃ နှစ်အရွယ် ချစ်သူ Breya Allen တို့ဟာ သားဖြစ်သူရဲ့သွေးထဲမှာ အယ်လ်ကိုဟော level သုည ဒဿမ နှစ်အထိ ဆေးရုံမှာ တွေ့ခဲ့ပြီးနောက် တရားစွဲဆိုခံထားရပါတယ်။
 
 ရေဆာတယ်လို့ ပြောတဲ့အခါ တစ်ခါတလေမှာ အိမ်သာထဲကရေကိုတောင် သောက်ရတယ်လို့ ကလေးငယ်က ရဲတွေကိုပြောပါတယ်။ ဆေးရုံကဆရာဝန်တွေကလည်း ကလေးငယ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမာရွတ်တွေရှိနေပြီး ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ရာဇဝင်ရှိတယ်လို့ ရဲတွေကို သတင်းပေးခဲ့ပါတယ်။
 
အဆိုပါ ငါးနှစ်အရွယ်ကလေးနဲ့ သူ့ရဲ့မောင်နှမနှစ်ယောက်ဖြစ်တဲ့ ၆ နှစ်အရွယ် ကောင်မလေးနဲ့ ၃ နှစ်အရွယ် ကောင်လေးတို့က ဖခင်ဖြစ်သူနဲ့ အမေလို့ခေါ်တဲ့ Allen တို့ဟာ အကျီ ၤချိတ်တဲ့ ချိတ် ၊ ယောင်းမ ၊ ရှုးဖိနပ်နဲ့ တခြားအရာတွေနဲ့ သူတို့ကို ရိုက်နှက်လေ့ရှိတယ်လို့ အာဏာပိုင်တွေကို ပြောပါတယ်။
 
ကလေးတွေရဲ့ မိဘနှစ်ပါးစလုံးဟာ လက်ရှိမှာ တရားစွဲဆိုခံထားရပြီး ကလေးတွေကတော့ မွေးစားမိသားစုနဲ့ အတူနေထိုင်နေတယ်လို့ သိရပါတယ်။

22 May 2017     1,591 Views




RELATED

Most Popular of Special or Others

Most Popular of NEWS