BEC-TERO TV

ငါးနှစ်ခြောက်နှစ်သားအရွယ်က ကြက်ဥပြုတ်ရောင်းခဲ့တဲ့ ဘ၀ကိုမမေ့တဲ့ဖိုးချစ်

22 May 2017     1,390 Views


အကနှစ်ဖြာအနုပညာဆိုတဲ့ နှစ်ပါးသွားအခွေ စထွက်ပြီးတဲ့ အချိန်မှာ လူသိများလာတဲ့ ဖိုးချစ် ဟာ အဖေက ဆိုင်းတီတာကလွဲရင် အနုပညာမျိုးရိုးမရှိခဲ့ ပါဘူး ။လေးငါးနှစ်သားလောက်ကတည်းက အဖေရဲ့ တီးဝိုင်းမှာကတယ် ဆယ်တန်းအောင်တဲ့ အချိန်မှာ စီးပွားရေးသမားဖြစ်ချင်တယ် အင်ဂျင်နီယာဖြစ်ချင်ခဲ့ တယ် ။ငွေကြေးမတက်နိုင်လို့ ပြန်လာခဲ့ တယ်။ နောက်တော့ စီးပွားရေးလည်းမလုပ်ဖြစ်တော့ဘဲ ဇာတ်သဘင်လောကထဲကိုရောက်လာခဲ့တယ် ။

ငယ်ငယ်က အမှတ်တရ အနေနဲ့ အဖေက ပထမဆိုတဲ့ နေရာကိုပဲ စိတ်ထဲရိုက်သွင်းခဲ့ တယ်။ ဒုတိယ ဆုတွေရရင် အဖေကလက်မခံဘူး အိမ်မှာမထားဘူး ဖြဲပစ်တယ် ။အမေ ဆိုလဲ ဘယ်လောက်အလုပ်ရှုပ်ရှုပ်သားသမီးကို ပစ်မထားဘူး။ ဖေဖေ့ရဲ့ ၀န်ထမ်းလစာနဲ့ မလောက်တဲ့ အတွက် မေမေက ငယ်ငယ်ကထမင်းရောင်းတယ် မေ့မေ့ကို ထမင်းကူဝိုင်းရောင်းရင်း ကျွန်တော်က ကြက်ဥပြုတ်ပြီးလေးငါးနှစ်ထဲက ကြည်ဥပြုတ်ရောင်းခဲ့ တယ် ။

အဖေ့ကိုအမြဲစံထားတယ် ငွေကြေးမပြည့်စုံပေမယ့် ပိုက်ဆံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ဟင်းကောင်းတခွက်အမြဲစားရတယ် ။သားသမီးအတွက်မရရအောင်ကြိုးစားပြီး လက်မှာသွေးတွေထွက်အောင် ဆိုင်းတီးရတယ် ဆိုင်းနဲ့ပဲကျွန်တော်ဘွဲ့ရဖြစ်အောင် ကြိုးစားလုပ်ပေးခဲ့တယ် ။

သဘင်ဥက္ကဋ္ဌ လုပ်တာ လဲ တစ်နှစ်ခွဲလောက် ရှိနေပြီး မရည်၇ွယ်ပဲရွေးချယ်ရေးပွဲမှာ အကြံပြုဖို့တက်ရင်းနဲ့ တာဝန်ယူခဲ့ ရတာပါ ။ ဘာကြောင့်ပဲ ဖြစ်ဖြစ် တာဝန်ယူရဲဖို့နဲ့ တာဝန်ကျေဖို့ အဓိကပါ ။ အပြစ်တစ်စုံတရာမရှိပဲ ခရီးဆက်လာတာတစ်နှစ်ခွဲလဲ ရှိနေပါပြီ။ ဆရာသမားကောင်းတွေနဲ့တွေ့ခဲ့ ရခဲ့ အတွက် အကုန်လုံးကတော့ သင်စရာ မြင်ဆရာတွေကြီးပါပဲ အကုန်လုံးကိုတော့ လေးစား စံထားရပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:oasis


22 May 2017     1,390 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment