သတ်မှတ်ကာလပြီးရင် ဆက်မလုပ်တော့ဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း
22 May 2017 1,484 Views

ဂီတအစည်းအရုံးမှာ အထွေထွေအတွင်းရေးမှုးတာဝန်ယူထားတဲ့ ဖြူဖြူဟာ သတ်မှတ်ထားတဲ့ အချိန်ကာလရောက်ရင် ဆက်ပြီး အရွေးမခံတော့ဘူးလို့ ပြောလာပါတယ်။ ၂၀၁၂ ထဲက တာဝန်ထမ်းဆောင်လာတာ ၂၀၁၇ ဆိုရင်ပြီးပြီ ငါးနှစ်သက်တန်း ရှိပြီလဲ ဖြစ်ပါတယ်။ လောလောဆယ်တော့ ခွင့်ယူထားပါတယ်။ အခွေထွက်ဖို့လဲ ရှိနေတော့ အလုပ်တွေ များနေလို့ပါ ။ ဒီသက်တန်းပြီးရင်တော့ ဆက်ပြီး အရွေးမခံတော့မှာမဟုတ်ပါဘူး ။

“အဓိကကတော့ မအားလို့ပါ ကူညီတဲ့ သဘောနဲ့ လုပ်ပေးဖြစ်ခဲ့ တာလဲ ဖြစ်ပါတယ်။ ကိုယ်ကလဲ ဒီအလုပ်တွေနဲ့ ကျွမ်းကျင်တာမဟုတ်ဘူးလေ။ သူများနိုင်ငံတွေမှာ တကယ့် management နဲ့တွဲရတဲ့သူတွေက လုပ်ကြတာ။ ကိုယ်တွေဆီမှာ ဒီလိုမျိုးမရှိသေးတော့ ဂီတလောက သား အချင်းချင်းပဲ နားလည်မှုတွေနဲ့ အတူတူဝိုင်းကူညီကြတြ့ သဘောပါ။ ဒီထက်ပိုပြီး တိုးတက်တဲ့ နိုင်ငံအနေနဲ့ ဖြစ်လာပြီဆိုရင် စနစ်တကျအဖွဲ့အစည်း တွေနဲ့ လုပ်ရမယ်ဆိုရင် ဒီလိုတွေ ဖြစ်နေလို့ မရဘူးလေ။
နောက်ပိုင်းမှာ ဖြူဖြူတဆို့ အဆိုတော်တွေ အနုပညာရှင်တွေ ကိုယ်တိုင် အမှုဆောင်တွေ မလုပ်နေရဖို့အတွက် မျှော်လင့်တယ် ။ ဘယ်နိုင်ငံမီာ ဒီလို ကြားဖူးလို့ လဲ ။
Jennifer Lopez ကခိုးကူးလိုက်ဖမ်းနေပါတယ်လို့ ၊ Shakiri က အစည်းအရုံးအတွင်း အတွင်းရေးမှုးလုပ်နေပါတယ်လို့ အဲ့လိုတွေမှမရှိတာ။ အားလုံး ကိုယ်ဖန်တီးမှု နဲ့ကိုယ်ပဲ လေ။ သီချင်းဆိုတဲ့ သူက ဆို ရေးတဲ့ သူက ရေး ။ Celebrities Management လုပ်တဲ့ business management လုပ်တဲ့ သူတွေကပဲ လုပ်ကြတာလေ ။ ကိုယ့် ဆီမှာ မရှိသေးလို့ပါ ။ နောက်တော့ရှိလာ မယ်လို့ ထင်ပါတယ်။ ဖြူဖြူ ကတော့ ဒီသက်တမ်းတစ်ခု စက်တင်ဘာ အောက်တိုဘာ လောက်ာကရင် ပြည့်ပါပြီ” လို့ ပြောသွားခဲ့ ပါတယ်။

Credit:oasis





