BEC-TERO TV

ဒိုင်လုပ်သွားအုံးမယ့် နန်းခင်ဇေယျာ

22 May 2017     1,705 Views


Miss International Myanmar အလှမယ်တစ်ဦးဖြစ်တဲ့ နန်းခင်ဇေယျာ ဟာ ဒီနှစ် Miss International Myanmar 2017 ရွေးချယ်ဖို့ အတွက် မန္တလေး တောင်ကြီးပွဲတွေမှာ ဒိုင်အဖြစ်လုပ်သွားမယ်လို့ သိရပါတယ် ။ ဒိုင်လုပ်ဖြစ်ရတဲ့ အကြောင်းကိုလဲ “ဒါကတော့ကိုယ့်ပွဲအတွက်ကိုယ်ဒိုင်လုပ်ရတာ။တခြားမြို့မှာသွားပြီး ဒိုင်အဖြစ် ပါဝင်ပေးရမှာ ပထမဦးဆုံးအကြိမ်ပါပဲ ။ ၁၉ ရက်နေ့ကနေပြီး ၂၁ ရက်နေ့အထိပါဝင်ပြီး ဒိုင်လုပ်ပေးဖြစ်ခဲ့ ပါတယ်။ ဒိုင်လုပ်ပေးရမျာတော့ မန္တလေး တောင်ကြီး နှစ်မြို့ထဲပါ”လို့ ပြောထားပါတယ်။

ရန်ကုန်မှာ လုပ်မယ့် Final ပွဲကြီးမှာတော့ ဒိုင်လုပ်ဖို့ အတွက်မသေချာသေးပါဘူး ။ Miss International Myanmar တစ်ယောက်အနေနဲ့ ဒိုင်ပြန်လုပ်ပေးရတာပျော်တယ် ။ ကိုယ်တွေပြိုင်ခဲ့တဲ့ ပွဲလေးကို လဲ ပြန်အမှတ်ရမိတယ်။ အဓိက ဒိုင်ပြန်လုပ်ဖြစ်တာက ကူညီတဲ့ သဘောပါ ။ လက်ရှိမှာတော့ ရုပ်ရှင်ကားတွေ ၇ိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေ ကို ဆက်တိုက်လုပ်နေပါတယ်လို့ ပြောသွားခဲ့ ပါတယ်။

Credit:oasis


22 May 2017     1,705 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment