BEC-TERO TV

အေရီယာနာဂရန်‌ဒီ ဖျော်ဖြေပွဲ အကြီးစားပေါက်ကွဲမှုဖြစ်၊၁၉ယောက်သေဆုံး

23 May 2017     1,237 Views


မနေ့ညက အင်္ဂလန်နိုင်ငံ မန်ချက်စတာဘောလုံးကွင်းအတွင်းကျင်းပခဲ့တဲ့အေရီယာနာဂရန်ဒီ ဖျော်ဖြေပွဲမှာတော့ အကြီးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သလို အဆိုပါဖြစ်ပွားမှုအတွင်း အနည်းဆုံးလူ၁၉ယောက်သေဆုံးခဲ့တယ်လို့ နောက်ဆုံးရသတင်းများအရသိရှိရပါတယ်။

အဆိုပါဖျော်ဖြေပွဲမှာပေါက်ကွဲမှုဖြစ်စဉ်က ကြီးမားပြင်းထန်ခဲ့သလို ပေါက်ကွဲမှုဖြစ်စဉ်စတင်ထွက်ပေါ်လာရာအသံကို မန်ချက်စတာဘောလုံးကွင်းပြင်ပကနေမထင်မှတ်ဘဲမှတ်တမ်းဗီဒီယိုရိုက်ထားနိုင်ခဲ့ပါတယ်။

အဆိုပါမှတ်တမ်းဗီဒီယိုရိုက်ကူးထားသူကJoe Gregory ဖြစ်ပြီးဖျော်ဖြေပွဲပြီးဆုံးခါနီးမှာ ဖြစ်ပျက်ခဲ့တာပါ။ အဆိုပါ ဖျော်ဖြေပွဲသွားရောက်ကြည့်ရူပြီးပြန်လာမယ့်သူ့ချစ်သူကို Joe Gregory က မန်ချက်စတာဘောလုံးကွင်းပြင်ပမှာ ရပ်နားထားတဲ့ကားထဲကနေစောင့်နေခဲ့ချိန်မှာပဲ အခုလို ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ Twitter မှာရေးထားပါတယ်။

ရဲတပ်ဖွဲ့အဆိုအရ လူ၁၉ယောက်ထက်မနည်းသေဆုံးခဲ့သလို လူ၅၀ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။


23 May 2017     1,237 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS