BEC-TERO TV

ဆိုင်းပညာသင်ယူနေတဲ့ ဆံရစ်ဝိုင်းလေးများကြောင့် ရောဂါပျောက်ခဲ့တဲ့ ကျော်သူ

24 May 2017     1,803 Views


ဆံရစ်ဝိုင်းလေးတွေကြောင့် နာမည်ကြီးတဲ့ စက်စက်ယိုရွာက ကလေးငယ်တွော ဆိုင်းဝိုင်းပညာကို ပညာရှင်တွေနဲ့အတူ လေ့လာသင်ယူနေကြပါတယ်။

စက်စက်ယိုရွာကို လေ့လာရေးလာတဲ့ နိုင်ငံခြားသားဧည့်သည်များနဲ့ မိဘပြည်သူ ကျောင်းသားလူငယ်များကို မြန်မာဆန်ဆန် ရိုးရာမပျက် မြန်မာအကများ ၊ မြန်မာ့ဆိုင်းဝိုင်းလေးများဖြင့် ဖျော်ဖြေချင်တဲ့ ဦးကျော်သူရဲ့ ဆန္ဒကို ဆံရစ်ဝိုင်းလေးတွေက ဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြတာပါ။

ဆံရစ်ဝိုင်းကလေးငယ်လေးတွေက ဆိုင်းပညာကို စိတ်ပါဝင်စားစွာနဲ့ ကြိုးစားသင်ယူနေတာကို တွေ့ရပြီး နေမကောင်းတဲ့ရောဂါများလည်း ယူပစ်သလို ပျောက်ကင်းခဲ့ရတယ်လို့ ဦးကျော်သူက သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောထားပါတယ်။ 

မြန်မာ့ရိုးရာကို ထိန်းသိမ်းပြီး ဆိုင်းပညာကို လေ့လာသင်ယူနေကြတဲ့ ဆံရစ်ဝိုင်းကလေးတွေကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဦးကျော်သူပြောသလို လှပတဲ့အနာဂတ်ကိုလည်း လက်ဝယ်ပိုင်ဆိုင်နိုင်ကြပါစေ။

Source and Photo : ကျော်သူဖေ့စ်ဘွတ်


24 May 2017     1,803 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment