BEC-TERO TV

ကိန်းရုပ်ရှင်ပွဲတော်ရောက် မြန်မာဒါရိုက်တာ

24 May 2017     1,475 Views


အစဉ်အလာကြီးမာပြီးဂုဏ်သတင်းကျော်ဇောတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကိုတော့ မြန်မာဒါရိုက်တာတစ်ဦးဖြစ်တဲ့ ကိုဝီရအောင် တက်ရောက်ခဲ့ပါတယ်။ကိုဝီရအောင်က နိုင်ငံတကာ အသိအမှတ်ပြု ဇာတ်ကားတွေဖန်တီးနေတဲ့ မြန်မာဒါရိုက်တာတစ်ဦးပါ။

ကိန်းရုပ်ရှင်ပွဲတော် တက်ရောက်တာနဲ့ပတ်သက်ပြီး ကိုဝီရအောင်က“မြန်မာFilmmaker တစ်ယောက်အနေနဲ့Cannes ရဲ့Red Carpet ကိုလျောက်ခွင့် ရတာ ..ကိုယ်အရမ်းကြိုက်တဲ့ အနုပညာရှင်တွေနဲ့ တစ်ချိန်ထဲ အတူတူလျောက်ရတာ တာတွေက တကယ့် ကို မမေ့ နိုင်တဲ့ အတွေ့ အကြုံတွေပါပဲ .. ကိုယ့် ရဲ့ Favorite Alejandro Gonzalez Inarritu နဲ့  Emmanuel Lubezki ကို အပြင်မှာ တွေ့ ခွင့် ရတာ တကယ့် ကို မယုံနိုင်စရာပါပဲ ..MYANMAR# ONE SUMMER DAY # Go Go MYANMAR !!! Go Go One Summer Day !!!” လို့ ပျော်ရွှင်ဝမ်းမြောက်စွာဆိုပါတယ်။

ပြင်သစ်နိုငံမှာ ကျင်းပတဲ့ ကိန်းရုပ်ရှင်ပွဲတော်ဟာ ရုပ်ရှင်လောကအတွက် အရှိန်အ၀ါကြီးကျယ်ခမ်းနားသလို နိုင်ငံတကာ တက်သိပညာရှင်တွေ၊ အနုပညာရှင်တွေ တက်ရောက်လေ့ရှိတဲ့ ရုပ်ရှင်ပွဲတော်တစ်ခုပါ။


24 May 2017     1,475 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment