BEC-TERO TV

နိုင်းနိုင်းနဲ့ ရုပ်ရှင်တွဲရိုက်ချင်တယ်ဆိုတဲ့ ထိုင်းမင်းသား

24 May 2017     2,634 Views


ထိုင်းမင်းသား Mario က မြန်မာမင်းသား နိုင်းနိုင်းနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ချင်တယ်လို့ ပြောပါတယ်။ Mario က Pond’s Men ရဲ့ သံတမန်အနေနဲ့ လာရောက်ချိန်က နိုင်းနိုင်းနဲ့ တွဲသရုပ်ဆောင်ချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

သူက လက်ရှိမှာ အလုပ်ဇယားတွေက အရမ်းကျပ်နေပြီး ဘန်ကောက်မှာ ဇာတ်ကားနှစ်ကား လက်ခံရိုက်ကူးထားပြီး အခွင့်အရေးရှိရင်တော့ မြန်မာနိုင်ငံကိုလာပြီး နိုင်းနိုင်းနဲ့တွဲရိုက်ချင်ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်းနိုင်းကလည်း “ကျွန်တော့်အနေနဲ့ Mario နဲ့တွဲပြီး ရုပ်ရှင်တော့ ရိုက်ချင်ပါတယ်။ တွဲခွင့်ရမယ်ဆိုလည်း ကျွန်တော့်ဘက်က တကယ့်ကို Welcome ပါ” လို့ ပြောကြားခဲ့ပါတယ်။

မင်းသားချော နှစ်ယောက်ဖြစ်တဲ့ နိုင်းနိုင်းနဲ့ Mario တို့သာ တွဲဖက်သရုပ်ဆောင်မယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ ရင်ခုန်ကြည့်ချင်စရာပါ …

Source : Pyi Myanmar News Journal


24 May 2017     2,634 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment