အနှစ် 20 ကြာ သမီးအရင်းကို အဓမ္မကျင့်ခဲ့သည့်ဖခင် ထောင်ဒဏ်ချမှတ်ခံရ
24 May 2017 1,551 Views

အင်္ဂလန်နိုင်ငံ နော်တင်ဟမ်၊ ကလစ်ဖ်တွန်မှာ နေထိုင်တဲ့ အသက် 45 နှစ် Raymond Prescott အမည်ရ ကလေးဖ ခင်ကြီးဟာ သမီးအရင်းဖြစ်တဲ့ Layla Bell 31 နှစ်ကို အနှစ် 20 ကြာ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တဲ့ သတင်းတက်လာပြီးနောက် ဝေဖန်မှုတွေမြင့်တက်လာပါတယ်။ ဖခင်ဖြစ်သူက သမီးအရင်းဖြစ်သူကို အဓမ္မကျင့်တဲ့ ကိစ္စရပ်ကို သူတို့ရဲ့ လျှို့ဝှက်ချက် သေးသေးလေး လို့ ပြောလေ့ရှိတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဖခင်ဖြစ်သူ Raymond ဟာ Bell ကို အသက် 7 နှစ်ကတည်းက ယုတ်မာစွာ စော်ကားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Bell အထက်မှာ 5 နှစ်ကြီးတဲ့ အစ်မရှိခဲ့ပေမယ့် သူမကိုသာ နှစ်၂၀ ကြာ အဓမ္မပြုကျင့်ခဲ့သလို အခြားမိန်းမပျိုတွေထက် သူမကိုပိုမကိမောတယ်လို့ဆိုပါတယ်။

2011 ခုနှစ်မှာ ဒီကိစ္စကို ဖွင့်ဟခဲ့ပေမယ့် ဆွေမျိူးသားချင်းနဲ့ မိသားစုအသိုင်းဝိုင်းတွေက မဟုတ်ရာကို လုပ်ကြံပြောသူအ ဖြစ် ဝိုင်းဝန်းရှုံ့ချခဲ့ကြပါတယ်။ တရားရုံးကလည်း မူးတုန်း၊ ဆေးသုံးစွဲမှု များတုန်း ထွက်ပေါ်လာတဲ့စကားတွေအဖြစ် ယူဆ ပြီး၊ ရုံးတင်စစ်ဆေးခြင်း မပြုခဲ့တာက အဆိုးရွားဆုံးအခြေအနေပါ။ကံဆိုးတာကတော့၂၀၁၂ ဒီဇင်ဘာလထဲမှာတော့ ဖခင် Raymond ဟာ နောက်ဆုံးအကြိမ်ဆိုပြီးထပ်မံကြံစည်ချိန်မှာတော့ Bell ဟာ လျှို့ဝှက်မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပြစ်မှုနဲ့ သက်ဆိုင်တဲ့ သက်သေအထောက်အထားတွေကိုကြိုတင် စုဆောင်းနိုင်ခဲ့ပါတယ်။၂၀၁၃ ဖော်ဖော်ဝါရီမှာ နော်တင်ဟမ်ရဲတပ်ဖွဲ့ဆီကိုအရောက် လျှို့ဝှက်ဗွီဒီယို အပ်နှင်းနိုင်ခဲ့ပြီးချိန်မှာပဲ ရဲတပ်ဖွဲ့က အမှုဖွင့်ကာ ပြန်လည် စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့ပါတယ်။









