BEC-TERO TV

ဘီယာမူးပြီး ခြင်္သေ့ခြံထဲကို ကျော်ဝင်ကာ ရန်စသူ

24 May 2017     1,427 Views


အိန္ဒိယနိုင်ငံက တိရိစ္ဆာန်ဥယဉ်ထဲကို လာရောက်လည်ပတ်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ အရက်မူးနေခဲ့ပြီးနောက် ခြင်္သေ့တွေထားတဲ့ ခြံဝန်းထဲကို ခုန်ချသွားခဲ့ပါတယ်။
 
လူမှန်းမသိသူမှန်းမသိအောင် မူးနေတဲ့သူက ခြင်္သေ့တွေကိုလည်း ကြောက်ရကောင်းမှန်းမသိပဲ ခြင်္သေ့တွေအနားတိုးသွားကာ လှမ်းစနေပါတယ်။ ဒီမြင်ကွင်းကို မြင်ရတဲ့ အခြားလူတွေက ခြင်္သေ့တွေကို သူ့အနားမလာအောင် ဝိုင်းဝန်းခြောက်လှန့်ပြီး ခဲတွေနဲ့ ပစ်ပေးကြပါတယ်။
 
ကံကောင်းတာတစ်ခုကတော့ ခြင်္သေ့တွေကို ထားတဲ့နေရာမှာ ရေကန်တစ်ကန်ခုခံထားတာကြောင့် အမူးသမားဟာ ရေအိုင်အစပ်မှာ ဖြစ်နေတဲ့အတွက် ခြင်္သေ့တွေဟာ ရုတ်တရက် ရှေ့တိုးလာလို့မရခဲ့ပါဘူး။
 
နောက်တော့ အမူးပြေသွားပြီး ခြံဝင်းဘက်ကို ရေပြန်လည်ကူးလာကာ လူအများက ကြိုးများနဲ့ ဝိုင်းဝန်းဆွဲတင်ခဲ့တာကြောင့် အသက်ဘေးမှ လွတ်ခဲ့ပါတယ်။ အဲဒီနောက်မှဦတော့ သူဟာ တိရိစ္ဆာန်ရုံထဲမဝင်ခင်ကထဲက ဘီယာတွေ မူးအောင် သောက်ထားခဲ့မိကြောင်း ဝန်ခံပြီး ယခုလိုဖြစ်ပျက်ခဲ့မှုအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။
 

24 May 2017     1,427 Views




RELATED

Most Popular of Special or Others

Most Popular of NEWS