BEC-TERO TV

နှိုက်မှာပဲဆိုတဲ့ စနှိုက်ကျော်တွေ သတိထားပေတော့…

24 May 2017     1,952 Views


စနိုက်ကျော်တွေလုံးဝသတိထားရမယ့်ရုပ်သံတစ်ခုတင်ဆက်လိုက်ပါတယ်။အဆိုပါရုပ်သံမှာတော့ စတားဘက်ခ် ကော်ဖီဆိုင်တစ်ဆိုင်မှာ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်းရဲ့ အငယ်အနှောင်းလို့ ယူဆရတဲ့ အမျိုးသမီးတစ်ဦးကို ထိပ်တိုက် ရင်ဆိုင်ရင်းတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်။
 
ရုပ်သံဖိုင်အရ အမျိုးသမီးတစ်ဦးက ခင်ပွန်းဖြစ်သူ့ရဲ့ အငယ်အနှောင်းလို့ ယူဆတဲ့ အမျိုးသမီးပေါ်ကို တက်ခွပြီး မလှုပ်နိုင်အောင် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် အနီးအနားက သူတွေကိုလည်း " ဒီအမျိုးသမီးဟာ သူ့ခင်ပွန်းရဲ့ အငယ်အနှောင်းဖြစ်ပါတယ်။ ကြည့်ကြပါ" ဆိုပြီး ပြောဆိုလိုက်ပါတယ်။
 
ရန်ပွဲအနီးအနားမှာ ရပ်နေတဲ့ သူ့ရဲ့သမီးလို့ ယူဆရတဲ့ မိန်းကလေးတစ်ဦးကတော့ ငိုယိုပြီး သူ့ကို လှမ်းခေါ်နေပါတယ်။ ခင်ပွန်းဖြစ်သူက ဝင်ဆွဲပေမယ့် ဆက်လက်တိုက်ခိုက်နေတာကြောင့်အငယ်အနှောင်းလို့ ယူဆတဲ့ မိန်းကလေးဟာ အပေါ်ပိုင်းဗလာကျင်း ဖြစ်ခဲ့ရပါတယ်။အဲ့ဒီအမျိုးသမီးရဲ့ ပြောကြားချက်အရ သူဟာ အဲ့ဒီအမျိုးသားနဲ့ သာမန် သူငယ်ချင်းသာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ ဝန်ထမ်းတစ်ဦးလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


24 May 2017     1,952 Views




RELATED

Most Popular of Special or Others

Most Popular of NEWS