BEC-TERO TV

iTunes Store မှာတင်ရောင်းခဲ့တဲ့ BigBag ရဲ့ Anger Management

24 May 2017     1,410 Views


အဆိုတော် ကျားပေါက် Big Bag အဖွဲ့ရဲ့ သီချင်းအယ်လ်ဘမ်အသစ် “Anger Management” အဖွေကို နိုင်ငံတစ်ကာမှ မြန်မာပရိဿတ်များ ဝယ်ယူအားပေးနိုင်စေဖို့ Apple ၏ iTunes Store ပေါ်မှ တင်ရောင်းချခဲ့သည်။


“Anger Management” တေးစီးရီးတွင် သီချင်း (၁၀)ပုဒ်ပါဝင်ပြီး အယ်လ်ဘမ်တစ်ချပ်စာကို အမေရိကန်ဒေါ်လာ ၉.၉၀ နှင့် ရောင်းချခဲ့သည်။ နှစ်သက်ရာ သီချင်းတစ်ပုဒ်ချင်းစီကိုလည်း ရွေးချယ် ဝယ်ယူနိုင်ပြီး တစ်ပုဒ်လျှင် ဒေါ်လာ ၉၉ ပြား ကျသင့်မှာဖြစ်ပါတယ်။


Forever Group က မူပိုင်ထုတ်လုပ်ပြီး BoBo Entertainment Music Production က မေလ ၂၀ ရက်နေ့က ထုတ်လုပ်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်သီချင်း ၄ ပုဒ်ပါဝင်တဲ့ “Anger Management” မှာ ထူးခြားတဲ့ သီချင်းဖန်တီးမှု ပုံစံအသစ်တွေကို နားဆင်ရမှာဖြစ်ပါတယ်။
 


24 May 2017     1,410 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment