မြန်မာ့လေကြောင်းမှ လေယာဉ်တစ်စီးအား ခရီးဆောင်သေတ္တာတင်ယာဉ်ငယ်ဝင်တိုက်သဖြင့် လေယာဉ်ဝမ်းဗိုက်ပေါက်
25 May 2017 1,597 Views

မေလ ၂၄ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းထွက်ခွာနေရာတွင် ရန်ကုန်မှ နေပြည်တော်သို့ ပျံသန်းမည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စီးအား ခရီးဆောင်သေတ္တာများတင်ဆောင်သော ကားငယ်တစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ကြောင်း မြန်မာ့လေကြောင်းမှ သတင်းထုတ်ပြန်ခဲ့သည်။


ရန်ကုန်မှ နေပြည်တော်သို့ ပျံသန်းထွက်ခွာမည့် UB121 ဘိုးရင်းအမျိုးအစားလေယာဉ်အား ခရီးဆောင်သေတ္တာများတင်ဆောင်သည့် Tow Tractor မှာ ဘရိတ်ပေါက်ပြီး လေယာဉ်၏ ဝမ်းဗိုက်ဝင်တိုက်မိခဲ့သဖြင့် လေယာဉ်ဝမ်းဗိုက် ၂ လက်မခန့် ပေါက်ပြဲသွားကြောင်း သိရှရသည်။

ထို့ကြောင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်ကို Embraer 190. ATR 72 နှင့် အစားထိုးပြေးဆွဲခဲ့သည်။ ဝမ်းဗိုက်ပေါက်သွားသော လေယာဉ်အား ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီး အဆိုပါလေယာဉ်၏ ခရီးစဉ်များကို အခြားလေယာဉ်များနှင့် ခတ္တအစားထိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မေတ္တာရပ်ခံ အသိပေးပြောကြားခဲ့သည်။
Source: Myanmar National Airlines







