BEC-TERO TV

Good Morning Myanmar

This show presents interesting daily news in a relaxed style. This program helps audiences consume and understand what's happening in the news even if they have not read the newspaper, as this show focuses on the content in each day newspapers.

တူရကီပညာရေးဝန်ထမ်း (၁၅၀၀၀)ကျော် အလုပ်ထုတ်ခံရ

22 Jul 2016 | 1,559 views တူရကီ မှာပြီးခဲ့တဲ့တစ်ပတ် တုန်းက ဖြစ်သွားခဲ့ စစ်အာဏာသိမ်းမှု မအောင်မြင်ဖြစ်ပြီးတဲ့နောက် အဲ့ဒီဖြစ်ရပ်မှာ ဆက်နွယ်နေတယ်လို့ ယူဆရသူဖြစ်တဲ့ တူရကီပညာရေးဝန်ထမ်း(၁၅၀၀၀)ကျော်ကို အစိုးရက ရာထူးကထုတ်ပယ် လိုက်ပြီဖြစ်ပါတယ်။

မြန်မာ့ဆန်တန်ချိန်(၁)သိန်း ၀ယ်ယူဖို့ဖိလစ်ပိုင်ကမ်းလှမ်း

22 Jul 2016 | 1,550 views ဖိလစ်ပိုင်နိုင်ငံက မြန်မာဆန်တန်ချိန်(၁)သိန်းဝယ်ဖို့ ကမ်းလှမ်းထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတွေကပြောပါတယ်။

ဒေါ်နယ် ထရန့်မ် ရီပတ်ပလင်ကန်သမ္မတလောင်းဖြစ်

22 Jul 2016 | 1,585 views ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပဲမှာ ရီပတ်ပလင်ကန်ပါတီဘက်က သမ္မတလောင်းအဖြစ် ပါတီက “ဒေါ်နယ်လ် ထရန့်မ်” ကိုရွေချယ်လိုက်ပြီဖြစ်ပါတယ်။

(၂၅)နှစ်အတွင်း တရုတ် - အာဆီယံ ကုန်သွယ်မှု အမြင့်ဆုံးရောက်ရှိ

22 Jul 2016 | 1,567 views တရုတ် - အာဆီယံ ဆက်ဆံရေး စတင်တဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း နှစ်ဖက် ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန် ဒေါ်လာ (၄၇၂)ဘီလျံကျော်အထိ အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ တရုတ်နိုင်ငံဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ခုံသမာဓိနှင့် ခုံသမာဓိကောင်စီအလုပ်သမားကိုယ်စားလှယ်များကို ကန့်ကွက် ကြောင်း ကြေညာ

22 Jul 2016 | 1,542 views လက်ရှိရွေးချယ်ခံထားရတဲ့ ခုံသမာဓိနဲ့ ခုံသမာဓိကောင်စီရဲ့ အလုပ်သမားကိုယ်စားလှယ်တွေကို ကန့်ကွက်ကြောင်း အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ၅ခုနဲ့စည်းထားတဲ့ အလုပ်သမားရေးရာ တရားမျှတမှု ဖော်ဆောင်ရေးကော်မတီက ဇူလိုင်လ(၂၀)ရက်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးပြောကြားသွားပါတယ်

လေကြာင်းလိုင်းတိုးချဲ့ဖို့ MNA လေကြောင်းလိုင်းအတွက် တတိယမြောက် လေယာဉ်ရောက်ရှိ

22 Jul 2016 | 1,554 views မြန်မာအမျိုးသားလေကြောင်းလိုင်းက ၀ယ်ယူထားတဲ့ လေယာဉ် ၃ စီးထဲက တတိယမြောက်တစ်စီး ဇူလိုင်(၁၈)ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာပါတယ်။

တက္ကသိုလ်ကျောင်းများ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးပွဲပြုလုပ်

22 Jul 2016 | 1,541 views မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းတွေရဲ့ ပညာသင်ကြားရေးပိုင်းနဲ့ ကျောင်းဖွံ့ဖြိုးရေးပိုင်းတွေကို အဆင့်မြှင့်တင်နိုင်ဖို့အတွက် တက္ကသိုလ်ကျောင်းတွေ ဆွေးနွေးပွဲကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဇူလိုင်(၂၀)မှ (၂၁)ရက်နေ့အထိ နှစ်ရက်ကျင်းပနေတာဖြစ်ပါတယ်။

ထိုင်ဝမ်မှာ ဘတ်စ်ကားမီးလောင်မှု ဖြစ်ပွား

21 Jul 2016 | 1,639 views ထိုင်ဝမ်မှာ တရုတ်ပြည်မကြီးက ခရီးသွားအဖွဲ့လိုက်ပါလာတဲ့ ဘတ်စ်ကားမီးလောင်လို့ လူ(၂၆)ဦးသေဆုံး သွားတယ်လို့ ထိုင်ဝမ်အရာတွေကပြောပါတယ်။

ဒုံးကျည် (၃) စင်း မြောက်ကိုရီးယား ထပ်မံပစ်လွှတ်

21 Jul 2016 | 1,564 views တောင်ကိုရီးယားဘက် ဒုံးခွင်းဒုံးစနစ်တပ်ဆင်မယ်လို့ ထုတ်ပြောထားချိန်မှာပဲ မြောက်ကိုရီးယားဟာ ဂျပန်ပင်လယ်ဘက်ကို ပဲ့ထိန်းဒုံးကျည်(၃)စင်း ပစ်လွှတ်လိုက်တယ်လို့ တောင်ရီးယားဘက်က ပြောပါတယ်။

တူရကီမှာ ရဲအရာရှိ (၈၀၀၀) ကျော်ကို ရာထူးဆိုင်းငံ့

21 Jul 2016 | 1,561 views သောကြာနေ့တုန်းကဖြစ်ပွားတဲ့ စစ်တပ်အာဏာသိမ်းရန်ကြိုးပမ်းမှု မအောင်မြင်ပြီးနောက်ပိုင်း အဲ့ဒီဖြစ်စဉ်မှာပါတယ်လို့ မသင်္ကာခံရတဲ့ရဲ (၈၀၀၀)ကျော်ကို ရာထူးဆိုင်းငံ့လိုက်ပြီလို့ တူရကီ အာဏာပိုင်တွေက ကြေညာပါတယ်။

ရီပတ်ပလင်ကန် ကိုယ်စားလှယ်တွေ ထရန့်မ်ကို မနှစ်သက်

21 Jul 2016 | 1,588 views အခုနှစ်မှာပြုလုပ်မယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ပလင်ကန်ပါတီဘက်က သမ္မတလောင်းဖြစ်လာချမြင့်တဲ့ ဒေါ်နယ်လ် ထရန့်မ်ကို ပါတီကိုယ်စားလှယ်တွေက နှစ်ခြိုက်မှုနည်းပါးနေသလို ကိုယ်စားလှယ်တွေရဲ့မဲပေးလုပ်ငန်းစဉ်ကိုလည်း ပြောင်းလဲချင်နေကြပါတယ်။