BEC-TERO TV

အိပ်ယာဝင်နောက်ကျခြင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်

09 May 2018     2,717 Views


ပညာရှင်များရဲ့ လေ့လာစမ်းစစ်မှုအသစ်အရ ညအိမ်ယာဝင်နောက်ကျတတ်သူများ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း တွေ့ရှိထားသည်။ ပညာရှင်များက လူပေါင်း ၄၃၃,၆၂၈ ယောက်ကို တစ်ဦးချင်းစီ ခြောက်နှစ်ခွဲကျော်ကြာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အထက်ပါအတိုင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုလူများထဲမှ ငါးသောင်းကျော်ဟာ အိပ်ယာဝင်နောက်ကျလေ့ရှိသူများဖြစ်ပြီး သူတို့တွေမှာ သေစေနိုင်လောက်တဲ့ ရောဂါလက္ခဏာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ တစ်ခုမဟုတ်တစ်ခု ရှိနေကြာင်း တွေ့ရှိခဲ့ကြသည်။
 
စိတ်ဖိစီးတာတွေ၊ လေ့ကျင့်ခန်း မလုပ်တာတွေ၊ အရက် မူးယစ်ဆေးဝါး စွဲလန်းမှုတွေ ဒါမှ မဟုတ်ရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေ ဖြစ်ကြတယ်လို့ ပညာရှင်များအဖွဲရဲ့ တွဲဖက်ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Kristin Knutson က ရှင်းပြခဲ့ပါတယ်။


အိပ်ယာနောက်ကျမှ ဝင်သူတွေက စောစောအိပ်၊ စောစောထ သူတွေထက် သေးဆုံးနိုင်ခြေ ၁၀% မြင့်တယ်လို့ လေ့လာဆန်းစစ်မှုမှာ တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် စောစောအိပ်ယာဝင်ပြီး နံနက်ပိုင်း စောစောထကြဖို့ Kristin Knutson က အကြံပေးထားပါတယ်။


09 May 2018     2,717 Views




RELATED

Most Popular of Health Fix

Most Popular of Life Style