BEC-TERO TV

ကျောင်းအပ်နှံရေးအစီအစဉ်အဖြစ် ကျောင်းဝတ်စုံတွေကိုပါ ထောက်ပံ့ရန် စီစဉ်ထား

25 May 2017     1,251 Views


အခြေခံပညာကျောင်းတွေမှာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး အစီအစဉ်အဖြစ် ကျောင်းသုံးစာအုပ်များအပြင် ကျောင်းဝတ်စုံတွေကိုပါ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံရေးအစီအစဉ် အဖြစ်သူငယ်တန်း (KG)၊ပထမတန်း၊ဒုတိယတန်း၊တတိယတန်း၊စတုတ်္ထတန်းအထိ ကျောင်းသုးံပြဌာန်းစာအုပ်၊ဗလာ စာအုပ်နှင့်ကျောင်းဝတ်စုံတွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သူငယ်တန်း(KG)အတွက် ကျောင်းဝတ်စုံတစ်သန်းကျော်၊ကျောင်းသုးံပြဌာန်းစာအုပ်နှင့်အရေးကျင့်စာအုပ် တစ်သန်းကျော်၊ဗလာစာအုပ်ဒါဇင်၅သိန်းကျော်၊ပထမတန်းအတွက် ကျောင်းဝတ်စုံတစ်သန်းကျော် ကျောင်းသုးံပြဌာန်းစာအုပ်အစုံ တစ်သန်းကျော်၊ဗလာစာအုပ်ဒါဇင်၅သိန်းကျော်၊ဒုတိယတန်းအတွက် ကျောင်းဝတ်စုံတစ်သန်းကျော်၊ကျောင်းသုံးပြဌာန်းစာအုပ်အစုံ တစ်သန်းကျော်၊ဗလာစာအုပ်ဒါဇင် ၅သိန်းကျော် ၊တတိယတန်းအတွက် ကျောင်းဝတ်စုံတစ်သန်းကျော်၊ကျောင်းသုးံပြဌာန်းစာအုပ်အစုံ တစ်သန်းကျော်၊ဗလာစာအုပ်ဒါဇင် ၅ သိန်းကျော် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင်စတုတ်္ထတန်းအတွက် ကျောင်းဝတ်စုံကိုးသိန်းကျော်၊ ကျောင်းသုးံပြဌာန်း စာအုပ်အစုံ ကိုးသိန်းကျော်၊ဗလာစာအုပ်ဒါဇင် လေးသိန်းကျော် ၊ ပဉ္စမတန်းအတွက် ကျောင်းသုံး ပြဌာန်း စာအုပ်အစုံ ၈ သိန်းကျော်၊ဆဌမတန်းအတွက် ကျောင်းသုးံပြဌာန်းစာအုပ်အစုံ၈သိန်းကျော်၊ သတ်္တမတန်းအတွက် ကျောင်းသုးံပြဌာန်းစာအုပ်အစုံ ၇ သိန်းကျော်၊အဠမတန်းအတွက် ကျောင်းသုံး ပြဌာန်းစာအုပ် အစုံ ၆ သိန်းကျော်၊န၀မတန်းအတွက် ကျောင်းသုးံပြဌာန်းစာအုပ် အစုံ ၆ သိန်းကျော်၊ဒသမတန်းအတွက် ကျောင်းသုံးပြဌာန်းစာအုပ်အစုံ ၄ သိန်းကျော်ကို ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၇-၂၀၁၈ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေမှာကျောင်းလခ၊ မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနဲ့စာကြည့်တိုက်ကြေးအပါအ၀င် မည်သည့်အခကြေးငွေကိုမှ ကောက်ခံခြင်းမပြုဖို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။


25 May 2017     1,251 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS