BEC-TERO TV

အိုင်ရင်းရွေးမယ့် နောက်ထပ်လက်တွဲဖော် စံနှုန်း

26 May 2017     1,238 Views


ချစ်သူနဲ့ ပြတ်စဲပြီး ပရိသတ်တွေ ချစ်ခင်သူတွေရဲ့ အားပေးမှုနဲ့ အလုပ်လုပ်ဖို့ တွန်းအားတွေရသွားပြီဆိုတဲ့ အိုင်ရင်းက ရှေ့ဆက်ပြီး နှစ်ဆကြိုးစားသွားမယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။

အိုင်ရင်းက ရှေ့ဆက်ပြီး သူလုပ်မယ့် သီချင်းတွေက အနှစ်သာရရှိပြီး ပျော်ရွှင်စရာကောင်းတဲ့ ကိုယ့်ဘ၀တစ်သက်တာအတွက် ကောင်းတဲ့ သီချင်းတွေနဲ့ ရှေ့ဆက်သွားမှာဖြစ်ပြီး ကျန်ခဲ့တာတွေ ၊ မုန်းတာတွေနဲ့ မသွားတော့ဘူးလို့ 8 Days ဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။

အဆိုတော် အိုင်ရင်းဇင်မာမြင့်က အပျိုကြီးဖြစ်မယ်ဆို အမေရှိနေသ၍ အမေ့အတွက် ၊ အစ်ကိုတွေ ၊ တူ၊ တူမတွေ၊ ချစ်ခင်တဲ့သူတွေအတွက် အသက်ရှင်သွားမယ်လို့ပြောပါတယ်။

တကယ်လို့နောက်ထပ်ချစ်သူ လက်တွဲဖော် ရှိလာမယ်ဆိုရင် ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်မလဲဆိုတော့ “အဲဒီအချိန်ကျရင် အမေ့ကို တည်ပေးလိုက်မှာပါ။ အမေရွေးလိမ့်မယ်။ ဒီတစ်ခါတော့ မိဘရဲ့ဆုံးဖြတ်ချက်ပါပဲ” လို့ 8 Days ဂျာနယ်နဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source : 8Days


26 May 2017     1,238 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment