BEC-TERO TV

ပြည်တွင်းကားဈေးကွက်မှာ ၀ယ်ယူနိုင်မယ့် ကားအမျိုးအစားများ

26 May 2017     1,718 Views


ဈေးကွက်ထဲမှာ ကားအမျိုးအစားပေါင်းမြောက်များစွာရှိပါတယ်။ အဓိ ကကျတဲ့ ကားအမျိုးအစားတွေကို ကြည်မယ်ဆိုရင်…

  • Sedan - တွေ့ရအများဆုံး ကားအမျိုးအစားဖြစ်ပြီး သက်တောင့်သက်သာ စီးနင်းနိုင်တဲ့ ပုံမှန်မိသားစုသုံးကားကို ရှာနေ တယ်ဆိုရင် တံခါးလေးပေါက်ပါတဲ့ ဒီကားတွေ အဆင်ပြေပါတယ်။ ကလေးငယ်တွေကစလို့ အသက်ကြီးသူတွေအထိ ကားပေါ် အတက်အဆင်းလုပ်ရာမှာ အဆင်ပြေသလို ဇိမ်ကျကျစီးနင်းနိုင်တဲ့ ကားမျိုးလည်းဖြစ်တယ်။
  • Station Wagon – စတေရှင်ဝက်ဂွန်းတွေရဲ့ခေတ်က တစ်ဖြည်းဖြည်း မှေးမှိန်လာပြီဖြစ်ပေမယ့် ဒီကားတွေမှာလည်း အားသာချက်တွေရှိပါတယ်။ ပထမအားသာချက်က Crossover တွေထက် နေရာပိုမိုကျယ်ဝန်းပြီး ဒုတိယအားသာချက် က  SUV တွေလောက် ဈေးမကြီးပါဘူး။ ခရီးသည်၊ ကုန်စည် စတာတွေကို အဆင်ပြေပြေသယ်ယူနိုင်စေပြီး ဆီစားနှုန်း လည်း သက်သာတယ်။
  • SUV – SUV တွေကို ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်က ရာသီဥတုကြမ်းကြမ်း၊ လမ်းခရီးကြမ်းကြမ်းတွေမှာ သုံးဖို့ဖြစ်ပေ မယ့် အခုအချိန်မှာတော့ မြို့ပြပတ်ဝန်းကျင်ရဲ့ မိသားစုသုံးကားအဖြစ်လည်း အသုံးပြုလာကြပါပြီ။ မြေပြင်နဲ့ ကိုယ်ထည် ကြားအကွာအဝေး (Ground Clearance) မြင့်တာကြောင့် မြို့တွင်း၊ နယ်ဝေး ဘက်ပေါင်းစုံမှာ သုံးနိုင်တဲ့ ကားအမျိုးအ စားလည်း ဖြစ်ပါတယ်။
  • Hatchback - ဆီဒင်ကားတွေကို သဘောကျပေမယ့် ဝန်တင်ဖို့ နေရာပိုကျယ်ကျယ်လိုချင်တယ်ဆိုရင် ကျောခုံးကားတွေ ကို ရွေးချယ်နိုင်ပါတယ်။ Hatchback တွေမှာ ဝန်တင်ဖို့ ပိုမိုကျယ်ဝန်းတဲ့ အနောက်ခန်းပါဝင်သလို နောက်ခုံတွေကို ခေါက်သိမ်းပြီးတော့လည်း နေရာပိုကျယ်အောင် ဖန်တီးနိုင်တယ်။ နောက်ပိုင်းမှာ ကားအရွယ်ငယ်ပေမယ့် အတွင်းခန်း ကျယ်ဝန်းတဲ့ Hatchback တွေလည်း ထွက်လာတာ တွေ့ရပါတယ်။
  • Pickup Truck - ဝန်စည်စလွယ်တွေ၊ အိတ်တွေနဲ့ တစ်ချိန်လုံးခရီးထွက်နေတတ်သူတွေအတွက် Pick-up ကားတွေက အဆင်ပြေစေပါလိမ့်မယ်။ ဒီကားတွေက များသောအားဖြင့် အင်ဂျင်ပါဝါမြင့်တာကြောင့် လေးလံတဲ့ ဝန်တွေကို ဆွဲဖို့၊ သယ်ဖို့အတွက်လည်း သုံးနိုင်တယ်။ အင်ဂျင်ပါဝါကောင်းတဲ့နောက်က ဆီစားနှုန်းမြင့်ခြင်းကို လက်ခံနိုင်ရင်တော့ ဒီကား တွေကို ရွေးချယ်နိုင်ပါတယ်။

26 May 2017     1,718 Views




RELATED

Most Popular of Special or Others

Most Popular of NEWS