BEC-TERO TV

မြန်မာယူ-၂၂ အသင်းနှင့် MNL All Star အသင်း ခြေစမ်းပွဲကစားမည်

07 Jun 2017     1,290 Views


ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ပထမဆုံးခြေစမ်းပွဲအဖြစ် MNL All Star အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲကို ဇွန် ၂၄ ရက် တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။


မြန်မာ ယူ-၂၂ အသင်းသည် လေးနိုင်ငံ ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီ ပြင်ဆင်သည့်အနေဖြင့်MNL All Star အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်း ဖြစ်သည်။ MNL All Star အသင်းကို ပြည်တွင်း ကစားသမားများဖြင့်သာ ဖွဲ့စည်းမည်ဖြစ်ပြီး လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှ ကစားသမားများ၊MNLအမှတ်ပေးပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ကစား သမားများဖြင့် ပေါင်းစပ်ဖွဲ့စည်းမည် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းထားသည့်MNL All Star အသင်းတွင် ကစားသမား ၁၇ ဦးပါဝင်ပြီး ဒဏ်ရာရမှုအပေါ်မူတည် ၍ အပြောင်းအလဲဖြစ်ဖွယ်ရှိနေသည်။ လက်ရှိဖွဲ့စည်း ထားသည့် MNL All Star အသင်းတွင် မကာအိုနှင့် အာရှဖလားခြေစစ်ပွဲအတွက် ရွေးချယ်ထားသည့် အသင်းမှ ကစားသမား ၁၄ ဦး ပြန်ပါလာပြီးMNL ပြိုင်ပွဲတွင် ခြေစွမ်းပြနေသည့် ရန်ပိုင် (ရတနာပုံ)၊ ဒွေးကိုကိုချစ်နှင့် ချစ်စုမိုး (ရှမ်းယူနိုက်တက်)တို့ ရွေးချယ် ခံခဲ့ရသည်။MNL All Star အသင်းကို လက်ရှိ ယူ-၂၂ အသင်းအား ယာယီကိုင်တွယ်ပေးနေသည့် ဦးကျော်လွင်၊ ဦးစိုးမြတ်မင်း၊ ဦးမြင့်ကိုနှင့် ဦးစိုင်းမောင် မောင်ဦးတို့က တာဝန်ယူလေ့ကျင့်ပေးမည်ဖြစ်သည်။


MNL All Star အသင်းတွင် ဂိုး-သီဟစည်သူ၊ ကျော်ဇင်ထက်၊ ပြည့်ဖြိုးအောင်၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ ဝင်းမင်းထွဋ်၊ သိန်းသန်းဝင်း၊ အလယ်တန်း-ရန်အောင်ကျော်၊ တင်ဝင်း အောင်၊ မင်းမင်းသူ၊ စည်သူအောင်၊ ဆောင်လမန်၊ ရန်ပိုင်၊ ချစ်စုမိုး၊ ရှေ့တန်း-ကျော်ကိုကိုနှင့် ဒွေးကိုကိုချစ်တို့ ပါဝင်ကြသည်။
ယခုဖွဲ့စည်းလိုက်သည့်MNL All Star အသင်း တွင် လက်ရွေးစင်ကစားသမား အများစုပါဝင်လာ သောကြောင့် စက်တင်ဘာလတွင် ကစားရမည့် အာရှ ဖလားခြေစစ်ပွဲအတွက်ပါ ကြိုတင်ပြင်ဆင်မှုဖြစ် လာနိုင်ပေသည်။

Credit - Daily Eleven


07 Jun 2017     1,290 Views




RELATED

Most Popular of Football

Most Popular of NEWS