BEC-TERO TV

မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ ရာဇ၀င်တင်မယ့် Mega Money Fight ထိုးသတ်ပွဲ ကျင်းပမည်

16 Jun 2017     1,766 Views


၂၀၁၅ခုနှစ်တုန်းက အန်ဒရေဘာတိုကို အနိုင်ယူပြီးနောက်လက်ဝှေ့လောကမှ အနားယူခဲ့တဲ့ အသက် ၄၀အရွယ်ရှိ ဖလွိုက် မေ၀ယ်သာဟာ လက်ရှိ UFC ( ဘက်စုံကိုယ်ခံပညာသုံး တိုက် ခိုက်ရေးပြိုင်ပွဲ) လိုက်ဝိန်တန်း ချန်ပီယံ ကော်နာ မက်ဂရီဂေါ်နဲ့ လာမယ့် သြဂုတ်လ ၂၆ရက်နေ့မှာ ထိုးသတ်ဖို့ သဘောတူညီမှုရခဲ့ကြပါတယ်။

၁၅၄ပေါင်တန်း၊ ၁၂ချီ၊ လက်ဝှေ့ စည်းမျဉ်းနဲ့ အညီ စိန်ခေါ်သူ ကော်နာ မက်ဂရီဂေါ်နဲ့ ထိုးသတ်ဖို့ အတွက်  ဒီပွဲမှာ မေ၀ယ်သာ သူ့ရဲ့ အနှစ် ၂၀ လက်ဝှေ့ သက်တမ်းတစ်လျောက် ၄၉ပွဲရှုံးပွဲမရှိ စံချိန်တင်ထားသူဖြစ်ပေမယ့် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ချန်ပီယံ ကော်နာ မက်ဂရီဂေါ်ကတော့ လက်ဝှေ့ အားကစားနည်းကို ကြေးစား သာမက အပျော်တမ်းမှာပါ ထိုးသတ်ဖူးခြင်းမရှိ သူဖြစ်ပါတယ်။ သမိုင်းတစ်လျောက် ကြေးအကြီးဆုံး စံချိန်တင်နိုင်ဖွယ်ရှိတဲ့ ပွဲဖြစ်လာဖွယ်ရှိတဲ့ ဒီပွဲဟာ အရင် ပတ်ကယောင် - မေ၀ယ်သာတို့ရဲ့ ပွဲလိုပဲ Mega Money Fight ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ လက်စ်ဗေးဂတ်စ်က T-Mobile Arenaမှာ ထိုးသတ်မှာ ဖြစ်ပါတယ်။

၂၃လကျော်ကြာ အနားယူပြီးမှ တစ်ကျော့ပြန် ထိုးသတ်မယ့် မေ၀ယ်သာဟာ ဒီပွဲအတွက် အနည်းဆုံး ဒေါ်လာ သန်း ၁၀၀ ကနေ သန်း၁၆၀အထိရရှိနိုင်ဖွယ်ရှိပြီး ကော်နာ မက်ဂရီဂေါ်က သန်း ၁၀၀အထိ ရနိုင်ဖွယ်ရှိပါတယ်။ အမေရိကန်အခြေစိုက် အွန်လိုင်း လက်မှတ် ရောင်းချတဲ့ ၀က်ဆိုဒ်တွေမှာတော့ သူတို့နှစ်ဦး ထိုးသတ်ဖို့ သဘောတူညီပြီး နာရီ ပိုင်းအတွင်းပဲ လက်မှတ်များ ရောင်းကုန်ခဲ့ပြီလို့ဆိုပါတယ်။  လက်ဝှေ့နဲ့ UFC ပွဲတွေမှာ ငွေစကား အများဆုံး ပြောကြာတဲ့ မေ၀ယ်သာနဲ့ မက်ဂရီဂေါ်တို့ရဲ့ ပွဲက ဘယ်သူ အနိုင်ရမလဲဆိုတာကတော့...

"မေ၀ယ်သာ လက်ဝှေ့ မှတ်တမ်း"

အသက် - ၄၀နှစ်
ထိုးသတ်ပွဲ - ၄၉ပွဲ
နိုင်ပွဲ - ၄၉ ပွဲ ရှုံးပွဲမရှိ
အလဲထိုး - ၂၆ပွဲ
အရပ် - ၅ပေ ၈လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၇၀၀

"မက်ဂရီဂေါ် UFC မှတ်တမ်း"

အသက် - ၂၈နှစ်
ထိုးသတ်ပွဲ - ၂၄ပွဲ
နိုင်ပွဲ - ၂၁ပွဲ
အလဲထိုး - ၁၈ပွဲ
ရှုံးပွဲ - ၃ပွဲ
အရပ် - ၅ပေ ၉ လက်မ
စုစုပေါင်း ဆုကြေးငွေ - ဒေါ်လာ သန်း ၄၀

"Mega Money Fight မှ စိတ်ဝင်စားဖွယ် အချက်အလက်များ"

၁) လက်မှတ်ရောင်းရငွေ - ၇၇သန်း
၂) PPV ( Pay-Per-View) - ၄၇၅သန်း
၃) စပွန်ဆာ - ၂၂သန်း
၎) Worldwide View - ၄၅၀သန်း


16 Jun 2017     1,766 Views




RELATED

Most Popular of Boxing

Most Popular of NEWS