BEC-TERO TV

မြန်မာတစ်ဦးပါ မူးယစ်ဆေးမှောင်ခိုဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

19 Jun 2017     1,272 Views


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ဇွန်လ ၁၆ ရက်နေ့ညက မူးယစ်ဆေးဝါးကုန်ကူးဂိုဏ်းနဲ့ ထိုင်းစစ်တပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီး မူးယစ်ဂိုဏ်းဝင်ထဲက တဦးသေဆုံးကာ စိတ်ကြွဆေး အလုံးပေါင်း ၂၁၃၈၀၀၀ (နှစ်သန်းတစ်သိန်းကျော်) ဖမ်းဆီးရ မိခဲ့သည်။


သတင်းအရ မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းအုပ်စု ဖာမီကျေးရွာတွင် အမှတ် ၃ အထူးစစ်ဆင်ရေး တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ နယ်မြေတွင်း စောင့်ကြပ်စစ်ဆေးစဉ် ၁၁ နာရီခွဲအချိန်ခန့်က  အဖြူရောင် တိုယိုတာ Vigo ကားတစ်စီး မောင်းနှင်လာပြီး စစ်ဆေးသူများကို လှမ်းမြင်တဲ့အခါ ကားကိုနောက်ပြန်ဆုတ်သွားခဲ့သည်။  ၃၀၀ မီတာလောက်အရောက်တွင် ကားမှာ ချိုင့်ခွက်တစ်ခုနဲ့ တစ်မိနေခဲ့သည်။ အချို့က ကားပေါ်က ခုန်ဆင်းထွက်ပြေးသွားပြီး ကားမောင်းသူက စစ်ဆေးရေးအဖွဲ့အား သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။


ပစ်ခတ်မှုအပြီး နယ်မြေရှင်းလင်းရာမှာ ကားမောင်းသူထိုင်ခုံမှာ သေနတ်ဒဏ်ရာနဲ့ သေ ဆုံးနေတဲ့  အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းရတ်နဖုန်း ရှဲ့ဖာဆိုသူ ထိုင်းနိုင်ငံ သားတစ်ဦးကို ဖမ်းမိပြီး ကားမောင်းသူရဲ့ ဘေးထိုင်ခုံနဲ့ ကားနောက်ဘက်မှာ ဝှက်ထားတဲ့ အိတ်ပေါင်း ၁၂ အိတ်၊ အဲဒီနဲ့  မလှမ်းမကမ်းက မြောင်းထဲမှာ နောက်ထပ် အိတ်ပေါင်း ၆ အိတ်တွေ့ရှိပြီး ဖွင့်ကြည့်ရာမှာ စိတ်ကြွဆေးပြားအလုံးရေ စုစုပေါင်း တစ်သန်းနဲ့ရှစ်သိန်း တွေ့ရတယ်လို့ ခရိုင်ဝန်က ပြောဆိုခဲ့သည်။
ထို့နောက် ထွက်ပြေးသူများထဲက အသက် ၂၀ နှစ်ရွယ် အားကျော်ဆိုသူ မြန်မာနိုင်ငံသား (အခါလူမျိုး) တဦးကို အနီးတစ်ဝိုက်တွင် အရှင်ဖမ်းမိကြောင်း၊ တာဝန်ရှိသူတွေက အဲဒီအနီးနား တောအုပ်တဝိုက် နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်စဉ်  ၁၇ ရက်နေ့ မနက် ၃ နာရီလောက်မှာတော့ နိုင်းလော်ဆိုသူ အသက် ၁၆ နှစ်ရွယ် အခါ လူငယ်တဦးကို စိတ်ကြွဆေး အလုံးရေ 138000 (တစ်သိန်း ၃ သောင်းကျော်) ပါ အိတ်တလုံးနဲ့ အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပါတယ်။

 


စစ်ဆေးချက်အရ နယ်စပ်မှ မူးယစ်ဆေးကို အခကြေးငွေယူပြီး သယ်ဆောင်ပေးသူတွေဖြစ်ကြောင်း၊  အဖွဲ့ဝင်အားလုံး ၂၀ ဦးရှိပြီး မူးယစ်ဆေးသယ်ဆောင်ခအဖြစ် တဦးကို ဘတ်တစ်သောင်းစီရတယ်လို့ ဖမ်းဆီးခံရသူတွေက ထွက်ဆိုခဲ့ပါတယ်။ တာဝန်ရှိသူများအနေနဲ့ ကွင်းဆက်တရားခံများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Source:DVB


19 Jun 2017     1,272 Views




RELATED

Most Popular of International News

Most Popular of NEWS