BEC-TERO TV

ရိုးရာလက်ဝှေ့ကျဆုံးတာ မိန်းမ၊အရက်၊လောင်းကစား ကြောင့်ကျဆုံးတယ်ထင်လား..?

19 Jun 2017     1,530 Views


မြန်မာ့ရိုးရာလက်ဝှေ့ကျဆုံးပြီလို့အချို့က ဆိုကြပါတယ်။အချို့ကလည်းအားပေးနေကြဆဲပါ။စာရေးသူအမြင်အရ မြန်မာနိုင်ငံမှာ အားကစားကို ပံ့ပိုးသူမရှိ၊ပံ့ပိုးသူမရှိတော့ အားကစားက မအောင်မြင်၊မအောင်မြင်တော့ ဘယ်သူ့မှမပံ့ပိုးကြ...သံသရာစက်ဝိုင်းထဲနောက်ဆုံး..နောက်ဆုံးမှာတော့ မြန်မာအလံက နိုင်ငံတကာမှာ မလွှင့်နိုင်တော့ပါဘူး။နစ်နာတာက သင်လည်းမဟုတ်ပါဘူး၊ ကျုပ်လည်းမဟုတ်ပါဘူး။ဘယ်သူမှမဟုတ်ပါဘူး။ မြန်မာနိုင်ငံတော်ကြီးပါ။မြန်မာနိုင်ငံနစ်နာမှာတော့ စာရေးသူတို့အားလုံးနဲ့မဆိုင်တော့ဘူးလား... အခုလက်ဝှေ့လောကမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတဲ့ ကိုစိုးသန်းဝင်း ပြောကြားထားမှုကို တစ်ဆင့်ဖော်ပြလိုက်ပါတယ်။

=========================================================================

" 10.6.2017 ရက်နေ့ က WORLD LETHWEI CHAMPIONSHIP ပွဲကျင်းပခဲ့ပါတယ်

အဲဒီနေ့ မှာWLC မှတာဝန်ရှိသူတွေက ကျွန်တော်နဲ့ထွန်းထွန်းမင်းကို Skynet ရုံးချုပ်မှာ ပွဲကြို သုံးသပ်ချက်တွေကို Live လွှင့်ပြီး ဆွေးနွေး ပေးဖို့ အကူအညီတောင်းထားတော့ ကိုယ်တွေကလည်းသဘောတူလက်ခံခဲ့တယ်
အဲဒီနေ့မနက်11 နာရီလောက်မှာ ကျွန်တော့်ဆီ တခါမှ မဆက်ဘူးသေးတဲ့ လူတယောက် ဖုန်းဆက်လာတယ်
ထွန်းထွန်းမင်းပါဘဲ"ဆရာ ညနေသွားဖို့ ကျွန်တော့်ကိုဝင်ခေါ်ပေးပါလားတဲ့ ကျွန်တော်မြရိပ်ညို ဟိုတယ်မှာရှိပါတယ်"တဲ့
တော်တော်အခုထိရင်ထဲမကောင်းဖြစ်သွားတယ်ဪလူတွေ လူတွေ (ကိုညီထွဌ် သီချင်းစာသားလေးကို နည်းနည်းပြင်ပြီးတော့ ရေးချင်တယ်)

အစတုန်းက မြှောက်ပင့်ပေးတယ်
ငါသွေးနဲ့ ငါ့လက်ဝှေ့ ဘဝတည်ဆောက်တယ်
တကယ်ဒုက္ခ မရောက်သေးခင် ပြေးတယ်
သူရဲကောင်းကိုးကွယ်တဲ့ လူတွေလူတွေ

ကျဆုံးတော့ အဝေးကိုပြေးတယ်
အနိုင်ရတော့ အနားမှာပွဲခံကျတယ်
ဘာချစ်မှန်းမသိတဲ့ သူတို့စိတ်တွေ
ဪလူတွေလူတွေ.........


ထွန်းထွန်းမင်း တူးတူး မင်းတို့ ရှေ့ကနောင်တော်ကြီးတွေ ရိုးရာလက်ဝှေ့ကျဆုံးတာ မိန်းမ အရက် လောင်းကစား ကြောင့်ကျဆုံးတယ်ထင်လားတဦးချင်းပြောပြမယ် ဆရာနဲ့ အချိန်မရွေး လာဆွေးနွေးပါ မင်းတို့ကိုချစ်ပါတယ်ဆိုတဲ့ လူတွေကြောင့်ဘဲ အဲဒါနဲ့ Live အစီအစဉ်ပြီးသွားတော့ Skynet ရုံးချုပ်ကနေ သုဝဏ္ဏ ရုံကို အမြန်မောင်းတော့တာပေါ့ဗျာ

WLC(2) ရဲ့ရှေ့နှစ်ပွဲက ကျွန်တော့်ကလပ်က စည်သူနဲ့ပိုက်ထွေးထိုးရမှာထွန်းထွန်းမင်းကလည်းဥပုသ်စောင့်နေတော့ ကိုယ်ကလည်း သူတို့ဘာသာနားမလည်အချိန်ပြည့်ပြီးလား ဆရာဘာလုပ်ပေးရမလဲ တခုခုဆိုင်မှာဝင်စားမလားလို့ မေးရတာပေါ့တကယ်အပြန်အလှန်လေးစားမှုရှိတဲ့ထွန်းထွန်းမင်းပါရတယ်ဆရာဆိုပြီးကားထဲမှာပါတဲ့ရေဗူးကိုသောက်လိုက်တယ်ရုံထဲရောက်မှစားတော့မယ်တဲ့
ကျွန်တော့်ကလေးတွေထိုးမှာကို စိတ်လောနေမှန်း သူကောင်းကောင်းသိတယ်အဲဒါ ရိုးရာလက်ဝှေ့သမားစစ်စစ်တွေဘဲ
အဲဒီမှာစကားလေးဖြတ်ပြီးတော့ တခုပြောပြမယ်ဗျလက်ရှိရိုးရာလက်ဝှေ့လောကရဲ့ အမှန်တကယ်လိုအပ်နေတဲ့ မျိုးဆက်သစ်ရှားပါးနေသောပြသနာအတွက်မိမိကိုယ်ပိုင်ငွေကြေးနဲ့ရပ်တည်ထားတဲ့T&Tကလပ်မှWLC2ပွဲထိုးမယ့်မျိုးဆက်သစ်ကလေးတွေ ကိုယ့်ကလေးတွေကိုစိတ်ပူတယ်သူတို့သတ်လုံးသတ်ပေါက်ကြည့်ချင်တယ်ထွန်းထွန်းမင်းလည်းကြည့်ချင်နေတယ်
ကျွန့်တော့်T&Tမျိုးဆက်သစ်စစ်စစ်တွေကိုဒါပေ့မယ့်ဗျာပွဲပြီးတော့fbမှာတက်လာတယ်သူတို့ဆိုလိုချင်တာကရှေ့ပွဲတွေက အဆင့်မရှိဘူးတဲ့

စောက်ရေးမပါတဲ့ စောက်ပိန်းတွေလူမှုကွန်ရက်စာမျက်နှာ အားကိုးပြီး မိမိကိုယ်မိမိpromotion လုပ်နေတဲ့သူတွေ
သမိုင်းတွေမသိဘဲ ဆူလေးလောက်ကနေ ကြွယ်နေတဲ့သူတွေဘယ်သူတွေပွဲလုပ်လုပ်ဆန့်ကျင်ဘက်အမြင်တွေရေးမယ် ဝေဖန်မယ့်လို့သန္ဓိဠာန်ချထားတဲ့သူတွေစာလေးရေးပြအလုပ်လိုက်တောင်းနေတဲ့သူတွေကိုယ့်တပည့်စော်ကားခံရတာတော့ရိုးရာလက်ဝှေ့လောကသားအနေနဲ့ နာတယ်နော်လေ့လာကြပါဦးမြန်မာပြည်ချန်ပီယံတယောက် အရင်ခေတ်တွေမှာစထိုးတုန်းကဘယ်ပွဲမှာ ဘယ်လို အနှိမ်ချခံ ခဲ့ရသလဲသူ့ဆရာ ဘယ်လိုလုပ်ခဲ့လဲဆိုတာမင်းတို့အားကိုးတဲ့မင်းတို့ပထွေးတွေလည်းအဲဒီသမိုင်းတွေမသိဘူး

နောက်တခု စိုးသန်းဝင်း မြန်မာ့ရိုးရာလက်ဝှေ့ကိုချစ်လွန်းလို့ ဖေဖေ ဟော်တယ်/ခရီး MD ဘဝထဲက ရွေးချယ်ခဲ့တာ
1996 အဲဒီအချိန်ကာလတုန်းက ဖေဖေ အပါတ်စဉ် OTS(31) တွေဘယ်ရာထူးမှာရှိနေကြလဲ နီးစပ်တဲ့သူတွေသိမှာပါ
ဘာစီးပွားရေးတွေဘယ်လိုလုပ်လို့ရလဲသိကြမှာပါဘယ်လုပ်ငန်းရှင်တွေအိမ်မှာအမြဲဝင်ထွက်သွားလာနေတယ်ထင်လဲ????? ဒါပေမယ့်စိုးသန်းဝင်းကတော့ရိုးရာလက်ဝှေကဘဝဘဲနောက်2001ခုနှစ်မြန်မာအမေရိကန်ပထမဆုံးရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ကျွန်တော့်အသက်26 နှစ် ဘဲရှိသေးတယ် အကျိုးဆောင်ဂျာနယ်က ကိုဆန်နီတို့ ညီအကိုတွေလုပ်တာမန္တလေး အန်ကယ်ဦးတင်ဝင်းဆီမှာစနည်းနာတယ်ညတွင်းချင်းပြန်လာပြီးကျွန်တော်ဆီဝင်လာတယ်ဂျစ်ကားအဖြူလေးနဲအန်ကယ်ဦးတင်ဝင်းညွှန်လိုက်လို့ပါတဲ့ ရန်ကုန်မှာရိုးရာလက်ဝှေ့ပွဲလုပ်မယ်ဆိုရင်စိုးသန်းဝင်းနဲ့ဘဲလုပ်ပါစိုးသန်းဝင်းကိုဘဲသူထောက်ခံတယ်ဆိုပြီးရောက်လာကျတယ်(ဆွာလေးအန်ကယ် ဦးတင်ဝင်းမှတ်မိလား မေးပေးပါ)2001 ခုနှစ် မြန်မာ&အမေရိကန် ပွဲကို ကိုယ့်ထမင်းကိုစား ကိုယ့်ကား နဲ့ ကိုယ့် ဦးနှောက်ကိုချကြွေးပြီးရိုးရာလက်ဝှေ့အတွက်ကူညီခဲ့တယ်နောက်KLNညီအကိုစောသဲဖြူတွံတွေးမြို့နယ်အဂက်တန်းကျွေးရွာမှာမြေဝိုင်းပွဲကရင်နှစ်ကူးပွဲနေ့နှစ်စ်တိုင်းကျင်းပတယ်စင်ပေါ်မှာ မိုက်ဂုဏ်မြန်မာပြည်မှာ အမြင့်ဆုံးထဲမှာပါတဲ့စောရိုက်(စောသဲဖြူ) ကြောက်နေတာ ခွင့်ပြု့မိန့်မရမှာစိုးလို.(Fb ကငကြွယ်တွေ စောသဲဖြူ ပွဲလေးတပွဲလောက်တော့ရှာကြည့်အုံးဟ)စောရိုက် ကျွန်တော်တာဝန်ယူပါတယ် လိုအပ်တဲ့ စာရွက်စာတန်းလတ်မှတ်ထိုးပေးတယ် အဖွဲ့ချုပ်ကလူတွေတောင် မသိဘူးတွံတေးမြိုံ့ရဲ့ အဂက်တန်းရွာမှာ အရင်တုန်းက နှစ်စဉ်နှစ်တိုင်း ကရင်နှစ်ကူး အထိမ်းအမှတ် မြေဝိုင်းရိုးရာလက်ဝှေ့ပွဲတွေထိုးသတ်နေတယ်ဆိုတာ စိုးသန်းဝင်း အားနဲ့

သက်ဆိုင်သူများ

စိုးသန်းဝင်းရိုးရာလက်ဝှေ့ချစ်တဲ့အ တွက် မိမိအတွေ့အကြုံ ဖြတ်သန်းလားခဲ့သက်တမ်းအရ မိမိကိုတန်ဖိုးထား လေးစား အကူအညီတောင်းရင် အဆင်သင့်ပါဘဲလို့ မိကောင်းဖခင်သားသမီးတယောက်အနေနဲ့ပြောပါရစေ
စိုးသန်းဝင်းက ကျွံလာရင်လည်း စားတက်တယ်နော်သည်းညည်းခံတယ်ဆိုတာ အတိုင်းအတာ တခုဘဲ ရမယ်ဗျ
ရိုးရာလက်ဝှေ့ယှဉ်ထိုးမလား
ဓါးချင်းယှဉ်ခုတ်မလား
ကားခေါင်းခြင်းဆိုင် တိုက်မလား
အချိန်မရွေးနော်
ဟ ဟ

==============================================

Source:Soe Than Win 's Facebook


19 Jun 2017     1,530 Views




RELATED

Most Popular of Boxing

Most Popular of NEWS