BEC-TERO TV

ဦးခေါင်းခြင်းဆက် အမွှာကလေးနှစ်ဦးကို ခွဲစိပ်မှုအောင်မြင်(ရုပ်/သံ)

23 Jun 2017     1,267 Views


အမေရိကန်တွင် ရှားရှားပါးပါးဖြစ်သည့် ဦးခေါင်းခြင်းဆက် အမွှာကလေးနှစ်ဦးကို ဆေးပညာရှင်များက အောင်မြင်စွာ ခွဲစိပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အမွှာကလေးနှစ်ဦးမှာ (၁၀)လသားအရွယ် မိန်းကလေးများဖြစ်ကြပြီး ခွဲစိပ်မှုကို ကျွမ်းကျင်ဆေးပညာရှင်ပေါင်း ၃၀ ကျော်နှင့် အချိန် ၁၁ နာရီကြာခွဲစိပ်ခဲ့ရတာဖြစ်ပါတယ်။

အီရင်ဒယ်လ်လနေးနဲ့ အက်ဘီဒယ်လ်လနေးတို့ အမြွှာညီအစ်မဟာ မွေးကတည်းက ဦးခေါင်းခွံချင်း ဆက်လျက်သား အခြေအနေနဲ့ မွေးဖွားခဲ့တာဖြစ်ပြီး ဒါဟာ အမြွှာကလေး မွေးဖွားမှု အကြိမ်ရေ ၁ သန်းမှာ ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ကြားလောက်သာ ဖြစ်နိုင်ခြေရှိတဲ့ ရှားပါးအခြေအနေတခုလို့ ဆိုပါတယ်။

အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်တဦးဖြစ်တဲ့ ဂရီဂိုရီဟီရာကတော့ “ဒီခွဲစိတ်မှုရဲ့ အစိတ်အပိုင်း တခုချင်းစီမှာ ဆေးပညာရှင်တွေအနေနဲ့ အဖွဲ့လိုက် ကလေး ၂ ယောက်ရဲ့ သွေးကြော၊ ဦးနှောက်အမြှေးပါးဖုံးနဲ့ တခြမ်းစီ နေရာချထားရတာက အခက်ခဲဆုံးအပိုင်းပါပဲ”လို့ ပြောပါတယ်။

အီရင်နဲ့ အက်ဘီတို့ကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က လမစေ့ခင် ၁၀ ပတ်သားနဲ့တင် ခွဲစိတ်မွေးဖွားခဲ့တာဖြစ်ပြီး မွေးဖွားခဲ့စဉ်က ကိုယ်အလေးချိန်ဟာ ၂ ပေါင်နဲ့ ၁ အောင်စ အသီးသီးရှိခဲ့ကြတာပါ။

လက်ရှိမှာတော့ သူတို့ကို ဆေးရုံမှာ စိတ်ချရတဲ့အချိန်ထိ ဆက်လက်ထားရှိဦးမှာ ဖြစ်ကာ အခုနှစ်ကုန်ပိုင်းလောက်မှာတော့ အိမ်ကို ပြန်ခေါ်သွားနိုင်လိမ့်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

သူတို့ကို အိမ်ခေါ်သွားမယ့်အချိန်ကတော့ ပါတီပွဲအကြီးကြီး ကျင်းပရမယ့် အချိန်ပဲပေါ့”လို့ ဖခင်ဖြစ်သူ ဟီသာက ဆိုပါတယ်။

DVB
 


23 Jun 2017     1,267 Views




RELATED

Most Popular of International News

Most Popular of NEWS