BEC-TERO TV

မော်ရင်ညိုနဲ့ သူ့မိသားစုဝင်တွေအားလုံးအတွက် သတင်းဆိုး

26 Jun 2017     1,390 Views


မော်ရင်ညိုရဲ့ ဖခင်ဖြစ်သူ Felix Mourinho ဟာ ယနေ့နံနက်ပိုင်းမှာ ကွယ်လွန်သွားပါတယ် ။ ဒါကို မော်ရင်ညို ကိုယ်တိုင် သူ့ အင်စတာဂရမ် အကောင့်မှာ ပုံတင်ကာ အားလုံးကိုအသိပေးခဲ့တယ်။ သူ့ဖခင်ကွယ်လွန်ချိန်မှာ အသက် ၇၉ ရှိပြီဖြစ်ပါတယ် ။ ပေါ်တူဂီ လက်ရွေးစင်အဖြစ် ၁ ပွဲသာပါဝင်ပွဲထွက်ခဲ့ပြီး ဒေသခံကလပ်ဖြစ်တွေဖြစ် တဲ့ Vitória Setúbal နဲ့ Belenenses တို့မှာ ဂိုးဖမ်းခဲ့သူပါ။

သားဖြစ်သူ Jose Mourinho ကို ကစားသမားနဲ့ နည်းပြကောင်းဖြစ်အောင်မြေတောင် မြှောက်ပေးခဲ့သလို သူကိုယ်တိုင်ကလပ်မန်နေဂျာ အဖြစ် နှစ်ပေါင်း၂၀ အတွင်းမှာ ကလပ်အသင်းပေါင်း ၁၁ လောက်ကိုကိုင်တွယ်နည်းပြခဲ့ပါတယ်။

Source: Tun Tun Oo Hlaing


26 Jun 2017     1,390 Views




RELATED

Most Popular of Football

Most Popular of NEWS