BEC-TERO TV

မိန်းမနဲ့ကလေးအပါအ၀င် လူ(၁၂)ယောက် အသတ်ခံရတဲ့ သူကြီးအိမ်

11 Jul 2017     1,351 Views


ထိုင်းနိုင်ငံ တောင်ပိုင်ပြည်နယ် သူကြီးနေအိမ်သေနတ်သမားများ ၀င်ရောက်စီးနင်း မိသားစုဝင်အားလုံး အသတ်ခံရ (၈)ဦးသေဆုံး (၄)ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်း ကရဘီပြည်နယ် ဘန့် ကလန် ခရိုင် ကျေးရွာအုပ်စု၁သူကြီး နိုင်ဝါရယု စန် ရဲ့ နေအိမ်ကို သေနတ်သမား (၇)ဦးက လက်နက်အပြည့်အစုံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းအချိန်ကတဲက ၀င်ရောက်စီးနင်းထားခဲ့တာပါ။

 

သေနတ်သမားတွေဟာမိသားစုဝင်တွေနဲ့အိမ်သားတွေအားလုံးကိုလက်ပြန်ကြိုးတွေတုတ်ခေါင်ကိုအ၀တ်တွေအုပ်ထားပြီး သူကြီးဖြစ်သူ အိမ်ပြန်လာတဲ့အထိစောင့်နေခဲ့ကြပါတယ်။ည၁၂ နာရီမှာ သူကြီးရောက်လာတာနဲ့  သူကြီးအပါအ၀င် မိန်းမခလေး ၁၂ဦးစလုံး ပစ်သတ်သွားခဲ့ကြပါတယ်။အဖင်ဖြစ်ပွားတဲ့နေရာမှာ (၅)ဦးနဲ့ ဆေးရုံမှာ (၃)ဦးသေဆုံးခဲ့ပါတယ်။

ထွက်ပြေးလွတ်မြောက်သွားကြတဲ့သေနတ်သမားတွေဟာမည်သူမည်ဝါဖြစ်တယ်ဆိုတာကိုရဲတပ်ဖွဲကထုတ်ဖေါ်ပြောဆိုဖိုစောလွန်နေပြီးသေနတ်သမားတွေနောက်လိုက်လံရှာဖွေနေတယ်လို့သာတာဝန်ရှိသူတွေကထုတ်ပြန်ပြောဆိုသွားပါတယ်။

Source ; SAW

 


11 Jul 2017     1,351 Views




RELATED

Most Popular of International News

Most Popular of NEWS