BEC-TERO TV

မိန်းမချောလေးတွေကြောင့် ဖြစ်တည်လာတဲ့" ဘောင်ကျော်ဖို့ မစဉ်းစားနဲ့..." ဆိုတဲ့စကား

12 Jul 2017     1,371 Views


ဘောင်ကျော်မလာနဲ့ ။ ။

စကားလုံးများ၏ရင်းမြစ်​(၂)

မင်းတုန်းမင်းကြီး ခမျာ
မိဖုရား၊ ​မောင်းမ၊ မိဿ ကိုယ်​လုပ်​​တော်​​တွေက
၁၉၆ ​ယောက်​။

တစ်​နှစ်​ကို ၃၆၅ ရက်​။ တွက်​ကြည့်​​ပေါ့။
တစ်​နှစ်​​နေလို့ နှစ်​ကြိမ်​ ​ဆောင်​​တော်​ကူး နိုင်​ဖို့​တောင်
မမြင်​။

ဆောင်​​တော်​ကူး ဆိုတဲ့စကားကလည်း အဲသည်​က
အစပြုတာ။

ယောကျာင်္းများ မိန်းမရှုပ်​ပြီဆိုရင်​ ယဉ်​ယဉ်​​ကျေး​ကျေး
ပြောချင်​တဲ့အခါ ​ဆောင်​​တော်​ကူး ​နေပြီလို့ ​ပြောကြ
တယ်​။

တစ်​ချို့ ​မောင်းမငယ်​၊ ကိုယ်​လုပ်​​တော်​ငယ်​​တွေများ
ဘုရင့်​အနား ​တော်​​ကောက်​ခံရ၊ လာဘ်​ထိုးခံရ၊
ဆက်​သခံရ လို့သာ ​ရောက်​လာတာ။

ဘာမှကို နားလည်​​သေးသည်​မဟုတ်​။

သည်​​တော့လည်း
လူပျို​တော်​သား တချို့နဲ့ ငြိစွန်းကြ
သ​ပေါ့​လေ။

မင်းတုန်းမင်းကြီး
သိ​တော့ အမိန့်​ထုတ်​လိုက်​တယ်​...။

အ​နောက်​​ဆောင်​သို့ ကူး​သော ​ယောကျာင်္း ဟူသမျှ
သတ်​..

အာ့​တော့ လွယ်​ပါတယ်​။

လူပျို​တော်​သား​တွေက မိန်းမလို ၀တ်​ပြီး
အ​နောက်​​ဆောင်​ကို ၀င်​ထွက်​ ကြသ​ပေါ့။

မင်းတုန်းမင်းကြီး
သိပြန်​​တော့ အမိန့်​ထပ်​ထုတ်​တယ်​။

အ​နောက်​​ဆောင်​ အ၀င်​မှာ သစ်​သား​ဘောင်​ကို
တန်းထိုး​စေ။

အ​နောက်​​ဆောင်​ အ၀င်​၊အထွက်​ပြု သသူ ဟူသမျှ
ထို ​ဘောင်​တန်းမှ ​ကျော်​ခွ ၀င်​ထွက်​​စေ။

ဘောင်​တန်းအား သင်းကွပ်​ ဓားထမ်း နှစ်​ဦးမှ
နေ့ညဉ့်​မပြတ်​ ခစား ထမ်းရွက်​​စေ။

ရှေးတုန်းက အမျိုးသမီး​တွေ ၀တ်​တဲ့ ထမီ ဆိုသဟာ
လည်း သိ​တော်​မူတဲ့ အတိုင်းပဲ။

ဘောင်​တန်းကို ခွ​ကျော်​လိုက်​တာနဲ့ ဒူးအထက်
ပေါင်​တွင်းသားကို လှစ်​ကနဲ မြင်​ရသတဲ့။

ရှေး​ခေတ်​ ​ယောကျာင်္း ဆိုသဟာကလည်း ထိုးကွင်း
မင်​​ကြောင်​က ဒူးအထက်​ ​ပေါင်​တံတစ်​​လျှောက်
အပြည့်​ရယ်​။

သည်​​တော့ကာ...
ဘောင်​တန်းကို ခွ​ကျော်​လို့ ​ပေါင်​တွင်းသားကို
လှစ်​ကနဲ မြင်​ချိန်​ ထိုးကွင်း မင်​​ကြောင်​ မြင်​တာနဲ့
သင်းကွပ်​ အ​စောင့်​များက ဖမ်းသတ်​ သတဲ့။

အဲသည်​က အစပြု လို့...

ကျုပ်​တို့ချင်း ပြဿနာ တစ်​စုံတစ်​ရာတက်​ကြရင်​...

ဟေ့​ကောင်​....
မင်း စကား​ပြောတာ ကြည့်​​ပြော....

ဘောင်​​ကျော်​ မလာနဲ့။

တန်း​ကျော်​ မလာနဲ့။

မင်း စကား​တွေက ​ဘောင်​​ကျော်​​နေပြီ။
သေသွားမယ်​။ ငါ့ ဘာမှတ်​​နေလဲ။

သည်​စကား သည်​က စ သဗျား။
နှောင်းလူတို့ မှတ်​သားကြကုန်​​လော့...။

Source: ကိုဂလက်ဇီ


12 Jul 2017     1,371 Views




RELATED

Most Popular of Special or Others

Most Popular of Life Style