BEC-TERO TV

ကြာကူလီ ဆိုတဲ့ ကောင်ပါကွာလို့ အပြောခံရတာ ဘာဖြစ်လို့လဲ...........?

12 Jul 2017     1,971 Views


ကြာကူလီ ။ ။

စကားလုံးများ၏ရင်းမြစ်​(၃)

အချစ်​ဆိုတာကလည်း ခက်​သား လား။

ခိုးစားရတဲ့ အသီးက
ပိုချိုသည်​လို့လည်း စကားခံ ရှိသကိုး။

မင်းတုန်းမင်းကြီးရဲ့ 
မောင်းမ၊ မိဿ ကိုယ်​လုပ်​​တော်​တွေနဲ့
လူပျို​တော်​သား အချို့ အ​တော်​ ဒုက္ခများ
ကုန်​တယ်​။

မိန်းမလို ၀တ်​ပြီးလည်း ၀င်​မရ​တော့။

ဒါ​ပေမဲ့...
လူဆိုတာ ကြံရင်း ​သေရသမို့လား​လေ..။

မောင်းမ ကိုယ်​လုပ်​​တော်​​တွေ ​ရေချိုး​တော့...

နန်း​တော်​​ဆောင်​ရဲ့ ..
မြောက်​ဘက်​မှာ ​မြောက်​ဥယျာဉ်​​တော်​ကန်
တောင်​ဘက်​မှာ ပုန်းတလုတ်​ကန်
ရှိတယ်​​လေ။

အဲသည်​ကန်​​တွေက အခုသာ ဘာမှ မရှိတာရယ်​။

ဘုရင်​​ခေတ်​တုန်းက ပန်းမန်​ဥယျာဉ်​နဲ့ အ​တော်​​လေး
သာယာဆိုပဲ။

ကန်​ထဲမှာလည်း ကြာ​ပန်း ​တွေနဲ့တဲ့..။

အခု​ပြောချင်​တာက အဲသည်​မှာ စတာပဲ။

မောင်းမ ကိုယ်​လုပ်​​တော်​​တွေ ​ရေချိုးဆင်း​ချိန်​ နီးရင်​..

လူပျို​တော်​သား​တွေက 
ရေကန်​ထဲက ကြာရွက်​​တွေ အောက်​မှာ ပုန်းရင်း 
စောင့်​ကြသတဲ့...။

မောင်းမ​တွေ ​ရေထဲဆင်းပြီ ဆို​တော့မှ...

ဆိုင်​ရာဆိုင်​ရာ အသက အသက ကြာရွက်​​အောက်
ခိုပြီး ချိန်း​တွေ့ကြသ​ပေါ့​လေ။

အဲသလို...
ကြာရွက်​​အောက်​ ခိုပြီး ချိန်း​တွေ့ကြရာက...

ကြာခို တယ်​ ဆိုတဲ့ စကားလုံး ​ပေါ်လာရသတဲ့။

အဲသလို ကြာရွက်​​လေး​အောက်​ ခိုရင်း...
မောင်းမ​တွေနဲ့ ကူလီကူမာ စကား​တွေ​ ဆိုကြ​ရာက..

ကြာကူလီ ဆိုတဲ့ စကားလုံး ​ပေါ်လာရသတဲ့။

နှောင်းလူတို့ မှတ်​သားကြကုန်​​လော့..။

Source: ကိုဂလက်ဇီ


12 Jul 2017     1,971 Views




RELATED

Most Popular of Special or Others

Most Popular of Life Style